ပြန်ပေးဆွဲ ခံရသည့် ကလေးငယ် များအား တရုတ် ရဲအဖွဲ့မှ ကယ်တင်နိုင်ခဲ့

alt

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းရှိ ရဲတပ်ဖွဲ့က ပြန်ပေးဆွဲ ခံထားရသည့် ကလေးငယ် (၂၁)ဦးကို ကယ်တင် နိုင်ခဲ့ကြောင်း သိရှိရသည်။ ရဲများသည် ရှန်ဟိုင်းတွင် ဖြစ်ပွားနေသည့် ကလေး ပျောက်မှု

များကြောင့် (၇)လကြာ စစ်ဆင်ရေးများ ပြုလုပ်ကာ နောက်ယောင်ခံ စုံစမ်းမှု များ ပြုလုပ်ပြီးနောက် မသင်္ကာသူ (၄၇)ဦး ကိုလည်း လက်ရ ဖမ်းဆီးရမိ ခဲ့သေးသည်။

ရထား ရဲများသည် မေလ(၂၃)ရက် နေ့က မသင်္ကာဖွယ် လူ(၃)ဦးအား ကူမင်းမှ တဆင့် နန်ဂျင်းသို့ အသွား ရထားပေါ်တွင် ဖမ်းဆီး စစ်ဆေးပြီးနောက် ကလေးခိုး ဂိုဏ်းများနှင့် ပတ်သက်သည့် အထောက်အထား များကို ခြေရာခံ ရှာဖွေ တွေ့ရှိခဲ့ကြသည်။

ထိုအချိန်မှ စကာ ဂျန်ဆု၊ ရှန်ဒေါင်း နှင့် ယူနန် ဒေသများအတွင်း ကလေးငယ်များအား ခိုးယူ ပြန်ပေးဆွဲနေသည့် အဖွဲ့အစည်း များကို ဆက်တိုက်ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ တရုတ် အထူး ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် သီတင်းပါတ် အတွင်း ကလေး(၇)ဦးကို ကယ်တင်ကာ လူ(၂၆)ဦးအား မသင်္ကာသဖြင့် ထိန်းသိမ်း ထားလိုက်ကြောင်း အတည်ပြု ဖော်ပြခဲ့သည်။

ထို့အပြင် နောက်ထပ် ရောင်းစားခံထားရသည့် ကလေးငယ် (၁၂)ဦးကိုလည်း အချိန်မီ ကယ်တင်ကာ မသင်္ကာသူ (၁၈)ဦး ကိုလည်း ထပ်မံ ဖမ်းဆီးထားပြီ ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here