နိုဘယ်ဆုရှင် ဂျိုးဇက် စတီဂလစ် နေပြည်တော်သို့ ရောက်မည်

alt

နိုဘယ်ဆုရှင် ဂျိုးဇက်စတီဂလစ်သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာ (၁၅)ရက် နေ့တွင် လာရောက်မည် ဖြစ်ကြောင်း သိရှိရသည်။ ကမာ္ဘ့ဘဏ် အကြီးအကဲ အဖြစ် တာဝန်ယူခဲ့ဖူးသည့် ဂျိုးဇက် သည် နေပြည်တော်တွင် ကျင်းပမည့်

Forum တခုအတွက် လာရောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းသည် မြန်မာ့ကျေးလက် ဖွံ့ဖြိုးရေး မူဝါဒ Forum အတွက် နေပြည်တော် သို့ လာရောက်ခြင်း ဖြစ်သည်။ ကုလသမဂ္ဂ ၏ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင်က ဂျိုးဇက်ကို ဖိတ်ကြားခဲ့ခြင်း ဖြစ်ပြီး ၎င်းသည် ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု တိုက်ဖျက်ရေး မဟာဗျူဟာ Forum အတွက် မြန်မာနိုင်ငံ အမျိုးသား စီးပွားရေး ဖွံ့ဖြိုးမှု စီမံကိန်းအဖွဲ့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီးဌာန တို့နှင့် ဆွေးနွေးမှု အကြံပေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

ဂျိုးဇက်သည် ကမာ္ဘ့ဘဏ်၏ ခေါင်းဆောင် စီးပွားရေး ပညာရှင်အဖြစ် (၁၉၉၇) မှ (၂၀၀၀) ပြည့်နှစ် အထိ တာဝန်ယူ လုပ်ကိုင်ခဲ့ဖူးသည်။ ၎င်းသည် အာရှဒေသ ဖွံ့ဖြိုးရေး အတွက် အဓိက အခန်းကဏ္ဍမှ စွမ်းဆောင်ခဲ့ပြီး အာရှတိုက်မှ နိုင်ငံ(၈)ခု၏ စီးပွားရေး တိုးတက်လာမှု အတွက် ကူညီဆောင်ရွက် ပေးခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here