မန်ယူနည်းပြ ဖာဂူဆန် နှင့် လက်ထောက် နည်းပြဟောင်းတို့ ကစားသမား ခေါ်ယူရေး အပြိုင်အဆိုင် ဖြစ်နေ

alt

မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး ဆာအဲလက်(စ်) ဖာဂူဆန် အနေနှင့် ၎င်း၏ လက်ထောက် နည်းပြဟောင်း စတိ(ဗ်) မက်ကလာရင် နှင့် ကစား သမား ခေါ်ယူရေး အတွက် အပြိုင် အဆိုင် ဖြစ်နေကြောင်း သိရှိ ရသည်။

ဖာဂူဆန် သည် အေစီမီလန်တွင် အခြေမကျ ဖြစ်နေသည့် ဟော်လန် တိုက်စစ်မှူး ကလက်ဂျန် ဟန်တယ်လား အား ဇန်နဝါရီ လတွင် ခေါ်ယူရန် စီစဉ် နေသလို အင်္ဂလန် လက်ရွေးစင် နည်းပြဟောင်းနှင့် ဟော်လန် ကလပ် တွမ်တီး ၏ လက်ရှိ နည်းပြ မက်ကလာရင် ကလည်း အသက် (၂၆)နှစ် အရွယ် ရှေ့တန်းလူကို စိတ်ဝင်စား နေခဲ့သည်။

ဟန်တယ်လား သည် ရီးရဲလ်မက်ဒရစ် မှ အေစီမီလန် သို့ ရောက်ရှိ လာပြီးနောက် (၂)ဂိုးသာ သွင်းနိုင်၍ ခြေစွမ်းပြ နိုင်သေးသည်။ အေဂျက် အမ်စတာဒမ် ကစားသမားဟောင်း အား အင်္ဂလန်ကလပ် တော့တင်ဟမ် ဟောစပါး ကလည်း စိတ်ဝင်စားလျှက် ရှိနေသည်။

ဟန်တယ်လား သည် အေစီမီလန်တွင် ရုန်းကန် နေရပြီးနောက် (၂၀၁၀)ခုနှစ် ကမာ္ဘ့ဖလားတွင် ပါ၀င် ယှဉ်ပြိုင်ခွင့်ရရန် မသေချာ သောကြောင့် ပုံမှန် ပါ၀င်ခွင့် ရမည့် အသင်းတခုသို့ ပြောင်းရွှေ့ရန် စိတ်အားထက်သန် နေသည်။

ယူနိုက်တက် သည် တိုက်စစ်အတွက် ဒေးဗစ်ဗီလာနှင့် အီဒင်ဒက်ဇီကို တို့ကဲ့သို့ ကစားသမား များနှင့်လည်း ချိတ်ဆက်နေဆဲ ဖြစ်သည်။ သတင်းများ အရ ဖာဂူဆန်သည် ကားဒစ်အသင်း မှ နောက်ခံလူ အဒမ်မက်သရူး ကိုလည်း စာချုပ် ခေါ်ယူရန် နီးစပ်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here