တောင်ဝင်ရိုးစွန်းမှ ရေခဲပြင်ကြီး အပိုင်းအစအဖြစ် ပဲ့ထွက်

alt

တောင် ၀င်ရိုးစွန်း မှ ပဲ့ထွက်ကာ ဩစတြေးလျ ကမ်းလွန် ဒေသသို့ တရွေ့ရွေ့ ဦးတည်လာသည့် ရေခဲပြင် ကြီးသည် ယခုအခါ အစအနများ အဖြစ် ပဲ့ထွက် ကုန်ပြီဖြစ်ကြောင်း နယူးဇီလန် ပညာရှင်များက အသိပေး ပြောကြား ခဲ့သည်။

ပူနွေးသော ရာသီဥတုက B17B ဟု အမည် ပေးထားသည့် ရေခဲဖောင်ကြီး အား အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲ သွားစေခြင်း ဖြစ်သည်။

ဩစတြေးလျ ရေကြောင်းဌာနက ထို ရေခဲတုံးကြီးများ တည်ရှိနေသည့် နေရာအား သင်္ဘောများ အနေနှင့် ရှောင်ကွင်းသွားရန် သတိပေး နှိုးဆော် ထားသည်။

ရေခဲ ဖောင်ကြီးသည် မူလက စတုရန်း ကီလိုမီတာ (၁၄၀)မျှ ကျယ်ဝန်း သော်လည်း ယခုအခါ အပိုင်းပိုင်း ဖြစ်လာကြောင်း ဩစတြေးလျနိုင်ငံ၊ အန္တာတိတ်ဒေသ လေ့လာရေး ဌာနမှ ပညာရှင် နေးယန်းက ဆိုသည်။ ၎င်းက ရေခဲတုံးကြီး များသည် တခုနှင့်တခု ကီလိုမီတာ (၁၀၀၀)မျှ ကွာဝေးသည် အထိ သမုဒ္ဒရာ အနှံ့ပျံ့ ကြဲ သွားနိုင်ကြောင်းလည်း ယန်းက ပြောကြား သွားခဲ့သည်။

ကမာ္ဘ့ ရာသီဥတု ပူနွေး လာမှုနှင့်အတူ အနာ္တတိက တိုက်မှ ရေခဲတုံးကြီးများသည် လျင်မြန်စွာ ပဲ့ထွက်လာနေရာ လေ့လာသူ များက နောက်ထပ် ဆယ်စုနှစ်ပိုင်း အတွင်း တောင် ၀င်ရိုးစွန်းတွင် ရေခဲများ လုံးဝပျောက်ကွယ် သွားမည်ကို စိုးရိမ်လျက် ရှိနေကြသည်။

ပြီးခဲ့သည့် လကလည်း အနာ္တတိက ရေခဲပြင်မှ ပဲ့ထွက်လာသည့် ကြီးမားလှသော ရေခဲတုံးကြီး တခုသည် နယူးဇီလန် ကမ်းခြေသို့ ဦးတည်လာပြီးမှ သမုဒ္ဒရာ ရေစီးကြောင်းဖြင့် မျောပါပျောက်ကွယ် သွားခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here