ဘီယာတွင် ပါဝင်သည့် သဘာဝဒြပ်ပေါင်း ဆီးကြိတ်ကင်ဆာ ကာကွယ်ဟု ဆို

alt

ဘီယာတွင် ပါ၀င်လေ့ ရှိသည့် xanthohumol အမည်ရှိ သဘာဝ ဒြပ်ပေါင်း တမျိုးသည် ဆီးကြိတ် ကင်ဆာကို တားဆီး ပေးနိုင်ကြောင်း ပညာရှင်များက တွေ့ရှိ ခဲ့ကြသည်။

ယင်း ဒြပ်ပေါင်းသည် ဆီးကြိတ်ကင်ဆာ ဖြစ်ပေါ်ရေးကို တွန်းအား ပေးသည့် ဟိုမုန်းများ ထွက်ပေါ် လာခြင်းကို တားဆီး ပေးကြောင်း သိရှိရသည်။

xanthohumol ဒြပ်ပေါင်း သည် ဆီးကြိတ် ကင်ဆာကို လျော့ပါး စေသည် ဆိုသော အချက်အား လူနှင့် တိရစာ္ဆန်များတွင် စမ်းသပ် အတည်ပြု နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ထိုဒြပ်ပေါင်းသည် ဘီယာတွင် ပါရှိနေပြီး ဖြစ်ကြောင်း အမေရိကန် နိုင်ငံ၊ ဟူစတန် မြို့တွင် ဒီဇင်ဘာ (၆)ရက်မှ (၉)ရက်နေ့ အထိ ကျင်းပသည့် အမေရိကန် ကင်ဆာ သုတေသနအဖွဲ့ ကွန်ဖရင့်တွင် ဂျာမနီ နိုင်ငံ၊ ဟီဒါဘက်မြို့ ဂျာမန်ကင်ဆာ သုတေသန စင်တာမှ ဒေါက်တာ ကလာရစ်ဆာ ဂါဟွန်ဆာ က တင်ပြဆွေးနွေး သွားခြင်း ဖြစ်သည်။

ပညာရှင် များသည် ဆီးကြိတ်ကင်ဆာ ဖြစ်ပေါ်စေသည့် ဟိုမုန်းများအား စုဆောင်း ညှစ်ထုတ်ပြီး သဘာဝရောဂါ ကာကွယ်ရေး အဖို ဟိုမုန်းများနှင့် xanthohumol တို့နှင့် ရောစပ်ကာ ကင်ဆာကို တိုက်ဖျက်နိုင်သည့် စွမ်းအား များအတွက် ချိန်ထိုး လေ့လာခဲ့ကြ ခြင်းဖြစ်သည်။

ဒေါက်တာ ကလာရစ်ဆာက တွေ့ရှိမှုများ အရ xanthohumol သည် ကင်ဆာ ဖြစ်နိုင်သည့် ဟိုမုန်းများအား နျူကလီးယပ် မှတဆင့် ထိန်းချုပ် ထားနိုင်ကြောင်း၊ ဟိုမုန်းနှင့် ပတ်သက်သည့် ဆင့်ပွား သက်ရောက်မှုများ ကိုလည်း တားဆီး ပေးနိုင်ကြောင်း ကွန်ဖရင့်တွင် တင်ပြဆွေးနွေး သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here