မလေးရှား စံချိန်တင်စာအုပ်တွင် မှတ်တမ်း ဝင်သွားသည့် ခြောက်နှစ်သား ကလေးငယ်

alt

မလေးရှား နိုင်ငံ၏ စံချိန်တင် မှတ်တမ်း စာအုပ်တွင် (၆)နှစ် အရွယ် ကလေးငယ် တဦး မှတ်တမ်း ၀င်သွားကြောင်း သိရှိ ရသည်။ အသက် (၆)နှစ်သာ ရှိသေး သည့် ကလေးငယ် ဆန်တို့(စ်) ပီရူမော

သည် မာစီဒီးဘင့်ဇ် ကားတစင်းတွင် လူ(၄)ယောက်ကို ၀င်ထိုင်စေကာ မီတာ (၁၂၀) အကွာအဝေး အထိ ရွေ့သွား အောင် လူအများရှေ့တွင် ဆွဲပြ နိုင်ခဲ့သည်။

ကလေးငယ်သည် ကိုယ်အလေးချိန် (၃၅) ကီလိုဂရမ်သာ ရှိသော်လည်း စုစုပေါင်း အလေးချိန် (၁၉၉၀) ကီလိုဂရမ် ရှိသော လူ၄ယောက်နှင့် ကားကို ဆွဲပြနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း မလေးရှား စံချိန်စာအုပ်တွင် ကားတစင်းအား ရွေ့အောင် ဆွဲပြနိုင်သည့် အသက်အငယ်ဆုံး ပုဂ္ဂိုလ်အဖြစ် ပီရူမော မှာ စံချိန် ၀င်သွားပြီ ဖြစ်သည်။

မလေးရှားထုတ် Straits Times သတင်းစာက ဒီဇင်ဘာ (၁၅)ရက် နေ့တွင် ယင်း ကလေးငယ်၏ အံ့မခန်း စွမ်းဆောင်မှုကို မှတ်တမ်းတင် ဖော်ပြခဲ့ကြပြီး၊ ကလေးငယ်၏ အစွမ်းပြမှုကို အားပေး ချီးမြှောက်သည့် အနေနှင့် မလေးရှား ၀န်ကြီးများရုံးမှ ဒုတိယဝန်ကြီး မာဂီအာ ကိုယ်တိုင် ကလေးငယ် ဆွဲသည့် မာစီးဒီး ကားအတွင်း ခရီးသည်အဖြစ် ၀င်ထိုင် ပေးခဲ့သည်။

ယခုအခါ ပီရူမော၏ လုပ်ဆောင်မှုကို မလေးရှား စံချိန်စာအုပ်တွင် ဖော်ပြရန် အတည်ပြုပြီး ဖြစ်ကြောင်း စာအုပ်အား ပြုစုသည့်အဖွဲ့မှ တာဝန်ခံ ဂျိုဇဖင်း အင်တာချတ်က ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here