မိုင်ယာမီရှိ ဇိမ်ခံဟိုတယ် ရေသန့်စင် စံနစ် ပျက်သွားသဖြင့် ဧည့်သည် တဦးသေဆုံး

alt

အမေရိကန် နိုင်ငံ၊ မိုင်ယာမီမြို့ရှိ ဇိမ်ခံဟိုတယ် တလုံးတွင် ရေသန့်စင် စံနစ် ပျက်သွားခြင်း အတွက် နိုင်ငံခြား သား ဧည့်သည်တဦး သေဆုံး သွားခဲ့ ရကြောင်း သိရှိရသည်။

ကျန်းမာရေးဌာန တာဝန်ရှိသူ များက Epic ဟိုတယ်ရှိ ရေသန့်စင်သော Filter စံနစ် ပျက်စီးသွားရာမှ ကလိုရင်း ဓာတ်များ ရေထဲတွင် အလွန်အကျွံ ပါလာသည့် အတွက် Legionella ဘက်တီးရီးယား များ ပေါက်ပွား လာကြောင်း၊ ယင်း ဘက်တီးရီးယား များကြောင့် ဖြစ်ရသည့် Legionnaire’s Disease အမည်ရှိ နမိုးနီးယား ရောဂါဖြင့် ယခုလို လူသေဆုံးမှု ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် လပိုင်းက ဖြစ်ပွားခဲ့သည့် ကိစ္စအတွက် စုံစမ်းမှုများ ပြုလုပ်ပြီးနောက် မြို့တော် ရေပေးဝေရေး စံနစ်မှ တိုက်ရိုက် ပို့လွှတ်သည့် ရေထဲတွင် ပါလာသော ကလိုရင်းဓာတ်ကို စစ်ထုတ် သန့်စင်ပေးသည့် Filter စံနစ် အလုပ် လုပ်ခြင်းကို ပြစ်ချက်အဖြစ် ယခုလို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

Epic ဟော်တယ်တွင် အဆိုပါ ပြဿနာကြောင့် ဥရောပမှ လူတဦး သေဆုံးသည့်အပြင် နောက်နှစ်ဦးကိုလည်း ဆေးရုံသို့ ပို့ဆောင် ခဲ့ရသည်။ မီယာမီ ကျန်းမာရေးဌာနမှ ဒေါက်တာ ဗင်းဆင့်ကွန်တီ က ထိုသူများသည် ကလိုရင်းဓာတ် လွန်လွန်ကဲကဲ ပါသည့် သောက်ရေကို အများအပြား သောက်ခဲ့မိရာမှ ကျန်းမာရေး ဆိုးရွားလာခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

Legionnaire’s Disease နမိုးနီးယား ရောဂါသည် ဖြစ်ပွားသူ ဝေဒနာရှင်များ အနက် (၅) ရာခိုင်နှုန်းမှ (၃၀) ရာခိုင်နှုန်းကြား အထိ သေဆုံး စေတတ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ် ကာကွယ်ရေး ဗဟိုဌာန၏ ဖော်ပြချက်အရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here