ဖိလစ်ပိုင် ဆန့်ကျင်ရေး အင်အားစုများ အစိုးရထံ လက်နက်ချ အဖမ်းခံ

alt

ပြီးခဲ့သည့် သီတင်းပါတ် က ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းတွင် အရပ်သားများ အား ဓားစာခံအဖြစ် ဖမ်းဆီးချုပ်ကိုင် ထားသည့် အစိုးရ ဆန့်ကျင်ရေး အင်အားစု များသည် ဒီဇင်ဘာ(၁၃)

ရက်နေ့က အာဏာပိုင် များထံ လက်နက်ချ အဖမ်းခံ လိုက်ပြီ ဖြစ်သည်။

ထိုနေ့တွင် ဓားစာခံ (၄၀)ကျော် တို့သည် လုံးဝ ပြန်လည် လွတ်မြောက် လာပြီ ဖြစ်ပြီး (၄)ရက်ကြာ ပြဿနာမှာ သွေးထွက်သံယို မရှိဘဲ ပြီးဆုံးခဲ့ပြီဟု သိရှိ ရသည်။

တောင်ထူထပ်သည့် ဆန်မာတင် ကျေးရွာမှ ရွာသားအများစု ပါ၀င်သည့် ဓားစာခံ များကို စစ်တပ်က အနီးရှိ ဆေးရုံများသို့ ချက်ချင်း ပို့ဆောင်ကာ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ဓားစာခံများ အနက် အချို့သည် ကိုယ်အပူချိန် ကျဆင်း နေသော်လည်း စိုးရိမ် ရလောက်သော အနေအထား မရှိကြောင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။ နယ်လ်ဆင် အမည်ရှိ ဓားစာခံ တဦးက ၎င်းတို့အား လက်နက်ကိုင်များက ချမ်းအေးပြီး မိုးများရွာနေသည့် ညများတွင် စောင်မပါ၊ မျက်နှာသုတ် ပုဝါမပါဘဲ တဲငယ်လေး များထဲတွင် စုပြံုနေထိုင် စေခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဖိလစ်ပိုင် အစိုးရသည် ရဲနှင့် စစ်သား (၄၀၀)ကျော်ကို ယင်းဒေသအား ပိတ်ဆို့ဝန်းရံ ထားစေခဲ့သော်လည်း စစ်ရေးအရ ကယ်ဆယ်မှုများ ပြုလုပ်ရန် အမိန့် မပေးခဲ့ချေ။ အစိုးရမှ တာဝန်ရှိသူ အချို့တို့သည် လက်နက်ကိုင်များနှင့် ညှိနှိုင်းမှု ပြုလုပ်ရေး ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရှိရသည်။

ဒုတိယ ခရိုင်ဝန် ဆန်တီဂိုကိန်း ကမူ အစိုးရသည် ဂျိုးဘက်အွန်ဒိုပီရက် အမည်ရှိ လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်နှင့် ညှိနှိုင်းမှုများ ပြုလုပ်ကာ ဓားစာခံများကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဒေသခံ လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင် တဦးဖြစ်သည့် ပီရက်နှင့် အဖွဲ့သည် ပြီးခဲ့သည့် သီတင်းပါတ် ကြာသာပတေးနေ့ ညကတည်းက ကျောင်းသား များနှင့် ဆရာများ ပါ၀င်သည့် လူ(၇၅)ဦးအား ဖမ်းဆီးကာ ရဲများက ၎င်းအား ၀ရမ်းထုတ်ခြင်းကို ကန့်ကွက် ဆန္ဒပြခဲ့သည်။

၎င်းသည် အချို့အား ပြန်လွှတ် ပေးခဲ့သော်လည်း လူ(၄၀)ကျော်ကို ဆက်လက် ဖမ်းဆီးထားကာ ဒီဇင်ဘာ (၁၃)ရက် နေ့ကျမှ အပြီးပြန်လွှတ် ပေးခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here