Twilight မင်းသမီး ဇာတ်ကားသစ်၌ အဖော်အချွတ်ခန်းများ ပါဝင်မည်

alt

Twilight ဇာတ်ကား များဖြင့် နာမည် ကြီးလာသည့် မင်းသမီး ခရစ်စတီယန် စတီးဝပ် က လာမည့် ဇာတ်ကားသစ်တွင် အဖော်အချွတ် အခန်းများ ပါ၀င် မည် ဖြစ်ကြောင်း ၀န်ခံ ပြောကြား လိုက်သည်။

စတီးဝပ် နှင့် ဂျိမ်းဂန်ဒေါ်ဖီနီ တို့ သရုပ်ဆောင် ထားသည့် Welcome to the Rileys တွင် ဇာတ်ကား၏ သဘောအရ အဖော်အချွတ်များ ပြုလုပ်ရန် လိုအပ်သဖြင့် သူမ အနေနှင့် အလုပ် သဘောအရ ဆောင်ရွက် သွားမည်ဟု အသက် (၁၉)နှစ် အရွယ် မင်းသမီးက ဆိုသည်။

စတီးဝပ်က ထိုဇာတ်ကားသည် သူမအတွက် အတွေ့အကြံုသစ် ဖြစ်လာ စေနိုင်ကြောင်း၊ ဇာတ်ကား သဘောအရ သမားရိုးကျ မဟုတ်သော ဇာတ်ရုပ်မျိုးတွင် သရုပ်ဆောင် ရမည်ဟု မျှော်လင့်မိသလို အဖော်အချွတ် ခန်းများနှင့် ပတ်သက်ပြီးလည်း အခက်အခဲ မရှိနိုင်ဟု ယုံကြည်ကြောင်း ပြောဆို သွားခဲ့သည်။

ထို ဇာတ်ကားသည် သမီးငယ် သေဆုံးသဖြင့် သောက ရောက်နေသည့် လင်မယား နှစ်ဦးနှင့် ဒုက္ခ ပင်လယ်ဝေနေသည့် ပြည့်တန်ဆာ အမျိုးသမီးလေး တဦးတို့၏ ဇာတ်လမ်းကို သရုပ်ဖော်ထားခြင်း ဖြစ်သည်။

စတီးဝပ်သည် ယင်း ဇာတ်ကားတွင် ပြည့်တန်ဆာ မလေးအဖြစ် သရုပ် ဆောင်မည် ဖြစ်ပြီး သူမ၏ အဖော်အချွတ်ခန်း အတော်များများ ပါ၀င်နေသည်။ Welcome to the Rileys ဇာတ်ကားအား အမေရိကန်တွင် (၂၀၁၀) ခုနှစ်၊ ဇန်နဝါရီလ အတွင်း ရုံတင်ပြသ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here