ဇနီးဖြစ်သူအား HIV ကူးစက်ရန် ဆောင်ရွက်ခဲ့သူ တရားစွဲခံရ

alt

ဇနီးသည် နှင့် လိင် ဆက်ဆံခွင့် မရရှိသဖြင့် သူမအား HIV ပိုး ကူးစက်ရန် ဆောင်ရွက် ခဲ့သည့် နယူးဇီလန် အမျိုးသား တဦး အား တရားရုံးက စွဲချက် တင်ထားပြီ ဖြစ်သည်။

အမည် ဖော်ပြခြင်း မရှိသည့် အမျိုးသားသည် နယူးဇီလန်တွင် လွန်ခဲ့သော နှစ်ပိုင်း အတွင်းက နိုင်ငံသား ခံယူခွင့် ရရှိထားသူ ဖြစ်သည်။

အသက် (၃၅)နှစ် အရွယ် အမျိုးသားတွင် HIV ပိုးရှိနေပြီး ၎င်း၏ (၃၃)နှစ် အရွယ် ဇနီးနှင့် ကလေးငယ်မှာမူ ရောဂါပိုး မရှိကြောင်း ကျန်းမာရေး အာဏာပိုင် များက စစ်ဆေး တွေ့ရှိပြီးနောက် ယင်းအား ဇနီးနှင့် လိင် ဆက်ဆံခွင့် မပြုဘဲ တားမြစ် ထားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ယင်း ပုဂ္ဂိုလ်သည် ဇနီးသည်နှင့် ညီတူညီမျှ အခြေအနေသို့ ရောက်ရှိစေရန် သူမ အိပ်ပျော်နေစဉ် အပ်ဖြင့် အသားကို ထိုးခြစ်ကာ ၎င်း၏ သွေးနှင့် သူမ၏ သွေးကို ရောနှောစေခဲ့သည်။

ထိုကိစ္စကို ဇနီးသည်နှင့် တနှစ်ကျော်ကြာ လိင် ဆက်ဆံခွင့် မရရှိသည့် အခြေအနေ ကို တွန်းလှန်ရန် ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ၎င်းက ၀န်ခံသည်။

ထို လုပ်ရပ်အတွက် ဇနီးသည်ကို တောင်းပန်ခဲ့သော်လည်း ယခုအခါ ယင်းသည် နယူးဇီလန် အကျဉ်းထောင်ထဲ ရောက်ရှိနေပြီ ဖြစ်သည်။ အစိုးရ ရှေ့နေများက ထိုပုဂ္ဂိုလ်အား ရည်ရွယ်ချက် ရှိရှိ ရောဂါပိုး ကူးစက်စေမှုဖြင့် အမှုဖွင့် ထားကြောင်း ပြောဆို သွားခဲ့သည်။

၎င်း၏ဇနီးမှာ ဆေးစစ်ချက် ရလဒ်များအရ ယခုအခါ ရောဂါပိုး ရှိနေပြီဖြစ်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ သူမ အနေနှင့် ကလေးများကြောင့် အိမ်ထောင်ရေး တည်တံ့ရန် ထိန်းသိမ်းခဲ့ကြောင်း၊ သို့သော်လည်း ယောက်ျားဖြစ်သူ၏ အဆင်ခြင်မဲ့ လုပ်ရပ်ကြောင့် ခြောက်ခြားမိကြောင်း တရားရုံးတွင် ပြောဆို သွားခဲ့သည်။

သူမသည် ပြီးခဲ့သည့် နှစ်အတွင်း ကတည်းက ထိုကဲ့သို့ အပ်နှင့်ထိုးကာ ပိုး ကူးစက်အောင် ပြုလုပ်ခံနေရခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် မသင်္ကာသဖြင့် ခင်ပွန်းအား စစ်ဆေးပြီးမှ အဖြစ်မှန် ပေါ်လာခြင်းဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here