မိုဘိုင်းဖုန်း ကိုင်ချင်တဲ့ ရောဂါကြောင့် သားဖြစ်သူကို ရောင်းစားတဲ့ တရုတ် လင်မယား

alt

တရုတ် နိုင်ငံမှ ဇနီးမောင်နှံ နှစ်ဦးသည် မိုဘိုင်းဖုန်း ၀ယ်ကိုင် လိုသောကြောင့် ၎င်းတို့၏ သားငယ်အား ရောင်းစား ခဲ့ကြောင်း သိရှိရသည်။ နိုင်ငံ အနောက် တောင်ပိုင်း၊ ချွန်ကွင်း တွင် နေထိုင်သည့် 

ယင်း ဇနီးမောင်နှံသည် (၆)နှစ်သား အရွယ် သားငယ်လေးအား ယွမ်ငွေ (၂၅၀၀) [(၃၆၈)ဒေါ်လာ] ဖြင့် ရောင်းစားခဲ့ခြင်းဟု ရှန်ဟိုင်းဒေးလီး သတင်းစာ က ဆိုသည်။

သတင်းစာတွင် အမည်ဖော်ပြ မထားသည့် စုံတွဲမှာ လူငယ်များ ဖြစ်ပြီး အမျိုးသမီးမှာ (၁၉)နှစ် နှင့် အမျိုးသားမှာ (၂၁)နှစ်သာ ရှိသေးကြောင်း သိရှိ ရသည်။

မျက်မြင် သက်သေများက ထိုလင်မယားသည် ကလေးအား ရောင်းချရန် နှစ်ကြိမ်ထက် မနည်း ကြိုးပမ်းနေသည်ကို တွေ့ရှိပြီးနောက် ရဲတပ်ဖွဲ့ထံ သတင်းပို့ခဲ့ခြင်း ဖြစ်သည်။ အမျိုးသမီးသည် နောက်ပိုင်းတွင် ကလေးငယ်အား ပြန်လည် လိုချင်ကြောင်း တောင်းခံ ခဲ့သော်လည်း ကလေးအတွက် ကောင်းကောင်းမွန်မွန် မထားနိုင်ကြောင်း ရဲတပ်ဖွဲ့က ဆုံးဖြတ်ခဲ့သဖြင့် ပြန်မရတော့ချေ။

ကလေး အမေက သူမတို့ လင်မယားတွင် အလုပ်မရှိသဖြင့် ကလေးအား စောင့်ရှောက် ထိန်းသိမ်းထားရန် ခက်ခဲကြောင်း ၀န်ခံခဲ့သည်။ ယခု လောလောဆယ်တွင် ကလေးအား ဆေးရုံတွင် ပို့ဆောင်ကာ ကြည့်ရှု စောင့်ရှောက်ထားသည်။ ရဲတပ်ဖွဲ့က ကလေးအား အသက် (၄၃)နှစ် အရွယ် လူတဦးက ၀ယ်ယူထားကြောင်း၊ ကလေး၏ ဦးလေးဖြစ်သူ ကလည်း အုပ်ထိန်းခွင့် တောင်းဆိုနေကြောင်း ပြောဆို သွားခဲ့သည်။

သို့သော်လည်း ၎င်းဝယ်ယူ ထားသူသည် နောက်ပိုင်းတွင် ကလေးအား ယွမ်ငွေ(၁၀၀၀၀) [ဒေါ်လာ(၁၄၇၀)] ဖြင့် ပြန်ရောင်းရန် ကြိုးစားခဲ့သည်ကို ရဲများက စစ်ဆေးဖော်ထုတ် နိုင်ခဲ့သည်။ တရုတ် နိုင်ငံသည် ဧပြီလမှ စကာ ကလေးများအား ဖမ်းဆီး အရောင်းအဝယ် ပြုလုပ်နေသည့် ပြန်ပေး အဖွဲ့များကို စစ်ဆင်ရေး စီမံကိန်းများ ချမှတ်ပြီး နှိမ်နင်းမှုများ ပြုလုပ်လာခဲ့သည်။

ထိုစီမံကိန်း စတင်ချိန်မှ စကာ တရုတ် ရဲတပ်ဖွဲ့သည် ပြန်ပေးဂိုဏ်း (၈၀)မျှကို ဖမ်းဆီး ဖော်ထုတ်ကာ ကလေးငယ် (၄၅၀)ကျော် ကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here