ဂရိ သမ္မတဟောင်း၏ ရုပ်အလောင်း ဖောက်ထွင်း ခိုးယူခံရ

alt

ဂရိ ဆိုက်ပရီယော့တ် သမ္မတဟောင်း တက်ဆိုပါပါဒို ပူလော့စ်၏ ရုပ် အလောင်းမှာ အုတ်ဂူ အတွင်းမှ ဖောက်ထွင်း ခိုးယူခြင်း ခံလိုက်ရကြောင်း သိရှိ ရသည်။ သူခိုးများသည် ဒီဇင်ဘာ (၁၁)ရက် နေ့က သမ္မတ ဟောင်း၏ အုတ်ဂူ

ကို ထွင်းဖောက်ကာ ကြွင်းကျန် ရုပ်အလောင်းကို ခိုးယူခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုနေ့သည် ပါပါဒိုပူလော့စ် ကွယ်လွန်မှု နှစ်ပတ်လည်နေ့ မတိုင်မီ တရက်တွင် အခင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သမ္မတ အလောင်း ခိုးယူ ခံရသည့်တိုင် ဒက်ဖာတီရာရှိ စိန့်နစ်ကိုလက်စ် ဘုရားကျောင်းတွင် ကျင်းပသော ကြေကွဲမှု အခမ်းအနား ကိုမူ စီစဉ်ထားသည့် အတိုင်း မိသားစုက ကျင်းပခဲ့သည်။

ပါပါဒိုပူလော့စ်၏ လက်ယာ DIKO ပါတီကို လောလောဆယ် ခေါင်းဆောင် နေသည့် မာရီယိုဂါရိုယန်က ယခု လုပ်ရပ်ကြောင့် အလွန်ခြောက်ခြား မိကြောင်း ၀န်ခံခဲ့သည်။ ဂရိ ဆိုက်ပရီယော့ ဆိုသည်မှာ ဆိုက်ပရပ် နိုင်ငံရှိ ရှေးကတည်းက အခြေချ နေထိုင်ခဲ့သည့် ဂရိ လူမျိုးများအား ခေါ်ဆိုခြင်း ဖြစ်သည်။

ပါပါဒိုပူလော့စ်သည် အဆုတ် ကင်ဆာဖြင့် နစ်ကိုရှားတွင် (၂၀၀၈)ခုနှစ်၊ အသက် (၇၄)နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် (၂၀၀၃) ခုနှစ်မှ ဖေဖော်ဝါရီ (၂၀၀၈) အထိ ဆိုက်ပရပ် သမ္မတအဖြစ် တာဝန်ယူ ထမ်းဆောင်ခဲ့ပြီး (၂၀၀၄) ခုနှစ်တွင် ဆိုက်ပရပ်ကို ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာအောင် စွမ်းဆောင် ပေးခဲ့သည်။

(၂၀၀၈) ခုနှစ်၊ ဒီဇင်ဘာလက ကျင်းပသည့် ၎င်း၏ ဈာပန အခမ်းအနားသို့ ဂရိ ၀န်ကြီးချုပ်၊ ဂရိ နိုင်ငံခြားရေး ၀န်ကြီးတို့ အပါအဝင် ပြည်သူလူထု ထောင်ပေါင်း များစွာက တက်ရောက် အရိုအသေ ပေးခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here