အာဆင်နယ်အသင်း တိုက်စစ်မှူး ခေါ်ယူရေး စီစဉ်နေ

alt

အာဆင်နယ် သည် ဒဏ်ရာ ပြဿနာများ ကြံုနေရသည့် အသင်း တိုက်စစ်ကို အားဖြည့်ရန် အတွက် ဒေးဗစ်ဗီလာ နှင့် အီဒင်ဒက်ဇီကို တို့ နှစ်ဦးအား စိတ်ဝင်စား နေကြောင်း လန်ဒန် ဘောလုံးရပ်ကွက် သတင်းများ အရ သိရှိရသည်။

စပိန်ကလပ် ဗလန်စီယာမှ အသက် (၂၇)နှစ် အရွယ် စပိန် လက်ရွေးစင် ဒေးဗစ်ဗီလာ နှင့် ဂျာမန်ကလပ် ၀ုဖ်ဘတ် မှ အသက် (၂၃)နှစ် အရွယ် ဘော့စနီးယား လက်ရွေးစင် ဒက်ဇီကို တို့ နှစ်ဦးလုံးမှာ အသင်းကြီး များက စိတ်ဝင်စားမှုကို ခံနေရသည့် ထိပ်တန်း တိုက်စစ်မှူးများ ဖြစ်ကြသည်။

နည်းပြကြီး အာဆင်ဝင်ဂါး သည် ဟော်လန် လက်ရွေးစင် ရော်ဘင်ဗန်ပါစီ ဒဏ်ရာ ရနေသဖြင့် အားနည်းနေသော တိုက်စစ်ကို ကုစားရန် ယင်း ကစားသမား နှစ်ဦးအပြင် ၀က်စ်ဟမ်း ယူနိုက်တက်မှ အင်္ဂလန် လက်ရွေးစင် ကာလ်တန်ကိုးလ် ကိုလည်း လေ့လာမှုများ ပြုလုပ် နေကြောင်း သိရှိရသည်။

ဗီလာသည် အင်္ဂလန် ကလပ်များဖြစ်သည့် ချဲလ်ဆီး၊ မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူး တို့နှင့်လည်း ချိတ်ဆက်မှုများ ပြုလုပ်လျှက် ရှိနေပြီး ဒက်ဇီကိုမှာ ယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် အနှစ်သက်ဆုံး ကစားသမား တဦးဖြစ်သည်။ ၎င်းသည် ချန်ပီယံ လိဂ်တွင် ကစားခွင့် ရလိုသောကြောင့် အသင်းကြီး တခုခုသို့ ပြောင်းရွှေ့ခွင့် ရလိုကြောင်း ၀န်ခံထားသူ ဖြစ်ပြီး လာမည့် ဇန်နဝါရီလတွင် ၀ုဖ်ဘတ်မှ ထွက်ခွာမည်ဟု သတင်းကြီးနေသူ ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here