အီတလီ ဝန်ကြီးချုပ် ဆီဗီယို ဘာလူစကိုနီ မီလန်တွင် လက်သီးနှင့် အထိုးခံရ

alt

ယမန်နေ့ ညက အသက် ရ၃နှစ် ရှိနေပြီ ဖြစ်သော ဘီလျံနာ သူဋ္ဌေးကြီး အီတလီ ဝန်ကြီးချုပ် ဆီဗီယို ဘာလူစကိုနီ သည် အီတလီနိုင်ငံ မီလန်းရှိ ကွန်ဆာ ဗေးတစ် ပါတီ အစည်းအဝေး တွင်

သူအား ထောက်ခံသူ များအား အမှတ်တရ လက်မှတ် ရေးထိုး ပေးနေစဉ် လူလတ်ပိုင်း တဦး၏ အမှတ်မထင် တိုက်ခိုက်မှုကြောင့် ဝန်ကြီးချုပ် မျက်နှာတွင် ဒဏ်ရာ အပြင်းအထန် ရရှိ သွားသည်ဟု အီတလီမှ လာသော သတင်းများက ဆိုသည်။

Piazza del Duomo အဆောက်အဦး အပြင်ဖက် ရင်ပြင်တွင် အသက် ၄၂နှစ်အရွယ် လူတယောက်က ပြေးဝင်လာပြီး ဝန်ကြီးချုပ်အား အနီးကပ် လက်သီးနှင့် ထိုးရာ ဘာလူစကိုနီ အံ့အားသင့်နေပြီး ပိုးလိုးပက်လက် လဲကျသွား၍ မျက်နှာနှင့် နှုတ်ခမ်းများတွင် သွေးများ နီရဲသွားပြီး သွား၂ချောင်းကျိုးကာ နှာချောင်းရိုး ထိခိုက်သွားသည်ဟု အင်ဆာ နယူးအေဂျင်စီက ဆိုသည်။

ယမန်နေ့ ညက တညလုံး ဆေးရုံတွင် ဆေးကုသမှု ခံယူနေကာ ယနေ့တွင် သူ၏အပမ်းဖြေ စံအိမ်တော်ရှိရာ အီတလီ မြောက်ပိုင်းမြို့သို့ ဆေးရုံမှ ပြောင်းရွေ့သွားပြီဟု တယ်လီဗေးရှင်း သတင်းများတွင် တွေ့ရှိရသည်။

အီတလီ ရဲများမှာ ဝန်ကြီးချုပ်အား တိုက်ခိုက်သော အသက် ၄၂နှစ်အရွယ် စိတ်မနှံ့သူအား ကိုယ်ထိလက်ရောက် ကျူးလွန် တိုက်ခိုက်မှုဖြင့် ယခုအခါ ဖမ်းဆီးထိမ်းသိမ်း ထားသည်ဟု မီလန်မှ လာသော သတင်းများအရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here