လက်နက် ၃၅တန် တင်ဆောင်လာသော ဂျော်ဂျီယာ မှတ်ပုံတင်လေယာဉ် ဆီဖြည့််စဉ် ထိုင်း၌ ဖမ်းဆီးမိ

alt

အရှေ့ဥရောပ မှတဆင့် ခရီးထွက်ခွာ လာကာ မြောက် ကိုရီးယားတွင် လက်နက်များစွာ လျို့ဝှက် တင်ဆောင် လာသော ရုရှားလုပ် လေယာဉ် Ilyushin Il-76 မှာ ဘန်ကောက် မြို့တော်၏ လေဆိပ်ဟောင်း ဒွန်မောင်း

လေဆိပ်တွင် ခေတ္တဆင်းသက် ဆီ ဝင်ဖြည့်စဉ် ယမန်နေ့က ဖမ်းဆီး ထားလိုက်ခြင်း ဖြစ်သည်ဟု ထိုင်း အာဏာပိုင် များက ကြေညာသည်။

မြောက်ကိုရီးယား ပြံုးယမ်းမှ ပျံသန်းလာပြီး သိရိလင်္ကာ ကိုလံဘိုမှ တဆင့် အရှေ့အလယ်ပိုင်း တောင်အာရှ နိုင်ငံများ (သို့) ပါကစ္စတန်နိုင်ငံသို့ ပျံသန်းသော ခရီးစဉ်၌ ထိုင်းနိုင်ငံတွင် ခေတ္တဆီဝင် ဖြည့်စဉ် သစ်သားများ သံထည်များဖြင့် အထူး ကာရန်ထားသော ဒုံးကျည်များ၊ ပေါက်ကွဲစေတတ်သော ပစ္စည်း ၃၅တန်ဖြင့် ဖမ်းဆီးရမိ သွားခြင်းဖြစ်သည်။

ထိုလေယာဉ်နှင့် အတူ အသက်၅၀ ကျော် လူ၅ဦးအနက် ၄ဦးမှာ ကာဇက်စတန် ပတ်(စ်)ပို့တ် ကိုင်ဆောင်ထားပြီး တဦးမှာ ဘယ်လာရပ်(စ်) နိုင်ငံကူး လက်မှတ်ကိုင်ဆောင် ထားသည်ဟု သိရှိရသည်။ ထို ဂျော်ဂျီယာ မှတ်ပုံတင် ရုရှားလုပ် Ilyushin Il-76 လေယာဉ်မှာ ကုန်တင်လေယာဉ် ပုံစံနှင့် ဆီဖြည့်ရန်တောင်းဆို ဆင်းသက်လာခြင်း ဖြစ်သည်ဟု ထိုင်း နိုင်ငံခြားရေးဋ္ဌာနမှ ပြောရေးဆိုခွင့် ရှိသူ သာနီသင်ပက်ဒီ မှ ပြောဆိုလိုက်သည်။

ယင်း လက်နက်များအား အသေးစိတ် စစ်ဆေးရန် နခွပ်ဆဝမ်ရှိ ထိုင်း အမှတ်(၄) လေတပ်မတော် သို့ လွဲပြောင်း ပေးလိုက်ပြီး ထိုသူများအား နိုင်ငံတကာ လေကြောင်းဆိုင်ရာ မှုခင်း ဥပဒေသများ၊ တရားမဝင် လက်နက် ကုန်သွယ်မှုနှင့် လွဲမှားစွာ ကုန်ပစ္စည်း အမည် ထုတ်ဖေါ်ကြေညာမှုတို့ ဖြင့် တရားစွဲဆိုမည် ဖြစ်သည်ဟု ဆိုသည်။

ဤမှုခင်းအား နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်၊ ထိုင်း အာဏာပိုင်နှင့် အမေရိကန် တို့ ပူးပေါင်း စစ်ဆေးမည်ဟု ဆိုသည်၊ အမည်မဖေါ်လိုသူ တဦးကမူ ဤလေယာဉ်မှာ ဒေသတွင်း၌ ပုံမှန်သဖွယ် ဖြတ်ကျော် ပျံသန်းနေကြ ဖြစ်သည်ဟု ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here