စည်းဝါး ရိုက်ထားသည့် MCPA Excellent Award ဆုပေးပွဲ

alt

မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များ အသင်း (MCPA) က ပေးအပ် ချီးမြှင့်သည့် MCPA Excellent Award 2008 ကို ရန်ကုန်တက္ကသိုလ် ကွန်ပျူတာ သိပ္ပံဌာန၏ WBTS (Web-based Teaching System) က ဆွတ်ခူး ရရှိသွားကြောင်း သိရှိရသည်။

MCPA Excellent Award ကို ၂၀၀၇ ခုနှစ်မှစ၍ တနှစ်အတွင်း မြန်မာနိုင်ငံ ကွန်ပျူတာ လောကအတွက် ထူးချွန်စွာ အကျိုးပြုခဲ့သော လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်း၊ Product (သို့မဟုတ်) Service တစ်ခုကို ရွေးချယ်၍ MCPA Excellence Award ဆုချီးမြှင့်ခဲ့သည်။

၂၀၀၈ ခုနှစ်အတွက် MCPA Excellence Award ကို ချီးမြှင့်ရာတွင် MCPA အလုပ်အမှုဆောင် များ၏ ဆန္ဒမဲမှ ၅၁%နှင့် အသင်းသားများ၏ အွန်လိုင်းပေါ်မှ ပေးပို့သော ဆန္ဒမဲများမှ ၄၉%ဖြင့် ချီးမြှင့်ခဲ့ကြောင်း သိရှိရသော်လည်း နောက်ကွယ်တွင် ဖြစ်ပေါ်နေသော အကြောင်းအရာ များသည် MCPA Excellent Award 2008 ကို ရရှိခဲ့သည့် ရန်ကုန်တက္ကသိုလ် ကွန်ပျူတာ သိပ္ပံဌာန၏ WBTS(Web-based Teaching System) ကို သံသယရှိစရာ အချက်များ ဖြစ်လာစေခဲ့သည်။

MCPA Excellent Award 2008 ကို ရန်ကုန် တက္ကသိုလ် ကွန်ပျူတာသိပ္ပံဌာန၏ WBTS (Web-based Teaching System) ကို ၂၀၀၅ ခုနှစ် ဖေဖေါ်ဝါရီ ၁၅ ရက်နေ့မှ စတင် မှတ်တမ်းယူခဲ့သည့် အဆိုပါ စာမျက်နှာ၏ ဧည့်မှတ်တမ်းအရ ၄နှစ်နှင့် ၁၀ လ၊ ၅နှစ်နီးပါး ကြာမြှင့်ခဲ့ပြီး ဖြစ်သော်လည်း၊ လူဦးရေ ၁သိန်း၂ထောင် ကျော်သာ လာရောက်ခဲ့ခြင်းနှင့် ရန်ကုန်တက္ကသိုလ် ကွန်ပျူတာ သိပ္ပံဌာန၏ စာမျက်နှာ ဖြစ်သောကြောင့် အများပြည်သူ အတွက် အလွယ်တကူ ဝင်ရောက် လေ့လာနိုင်ခြင်း အလျဉ်းမရှိခြင်း၊ သက်ဆိုင်ရာ မှတ်ပုံတင်ထားသူ များမှ လွဲ၍ အများပြည်သူများ အတွက် အကျိုးမရှိနိုင်သည့် အချက်များသည် ယခု ပေးအပ်လိုက်သည့် MCPA Excellence Award 2008 အပေါ် များစွာ မေးခွန်း ထုတ်စရာများ ဖြစ်စေခဲ့သည်။

ထို့အတူ MCPA Excellence Award 2007 ပေးစဉ်က ဖြစ်ပေါ်ခဲ့သော် ကောလဟလ သတင်းများနှင့် ပတ်သက်၍ လည်း ယခုဖြစ်ရပ်က ပိုမိုထင်ရှား လာစေခဲ့ကြောင်း ချင်းမိုင် အခြေစိုက် ဘလော့ဂ္ဂါတဦးက ထောက်ပြခဲ့သည်။ MCPA Excellence Award 2007 ကို ဇော်ဂျီ မြန်မာစာလုံးကို ပေးအပ်ခဲ့တယ်။ ဇော်ဂျီ မြန်မာစာလုံးကို မွေးဖွားပေးခဲ့တဲ့ ၄ဦးထဲမှာ တဦးဖြစ်တဲ့ ဦးသောင်းစုငြိမ်း ဟာ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များ အသင်း (MCPA) ရဲ့ တွဲဖက် အတွင်းရေးမှူး (၂) အဖြစ် တာဝန်ရယူ ထားခြင်းအတွက် MCPA Excellence Award 2007 အတွက် ကောလဟသတင်းနှင့် မေးခွန်းထုတ်စရာများ ဖြစ်စေခဲ့ဖူးကြောင်း၊ ယခု မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များ အသင်း(MCPA) က ပေးအပ်ချီးမြှင့်သည့် MCPA Excellent Award 2008 ကို ရန်ကုန်တက္ကသိုလ် ကွန်ပျူတာသိပ္ပံဌာန၏ WBTS (Web-based Teaching System) ရရှိခဲ့သည့် http://www.yuonline-wbts.com/ သည် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များအသင်း (MCPA) ရဲ့ တွဲဖက်အတွင်းရေးမှူး (၂) အဖြစ် တာဝန်ရယူထားသည့် ဦးသောင်းစုငြိမ်း သည် ၎င်း CEO အဖြစ် တာဝန်ယူထားသည့် Inforithm-Maze Ltd မှ ဝန်ဆောင်မူပေးနေသည့် အတွက်ကြောင့်လည်း ဖြစ်သည်။

အဆိုပါ အကြောင်းအရာ များကြောင့် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များအသင်း (MCPA) ရဲ့ တွဲဖက် အတွင်းရေးမှူး (၂) အဖြစ် တာဝန် ရယူထားသည့် ဦးသောင်းစုငြိမ်း သည် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များ အသင်း (MCPA) အပေါ်မည်သည့် အတိုင်းအတာထိ ဩဇာညောင်း သည်ကို လေ့လာ စမ်းစစ်ရန် လိုကြောင်း၊ ရန်ကုန်တက္ကသိုလ် ကွန်ပျူတာသိပ္ပံဌာန၏ WBTS (Web-based Teaching System) သည် နိုင်ငံတော်၏ လုပ်ငန်းစဉ်များထဲမှ တခုအပါအဝင် ဖြစ်ပြီး၊ နိုင်ငံတော်မှ အများသူငါ အကျိုးအတွက် မြန်မာကျပ်ငွေ သိန်းထောင်ချီ ( အတည် မပြုနိုင်သော ကိန်းဂဏန်း ) ပေးအပ်ပြီး ဝန်ဆောင်မှု ပေးခဲ့သည့် http://www.myanmarelibrary.com/ ( ယခုအခါ http://www.myanmarelibrary.com အား Yadanarpon Protal အဖြစ် ပြောင်းလဲထားလိုက်ပြီး ဖြစ်ကြောင်း တွေ့ရှိရသည်။)

ဤကဲ့သို့ ဖြစ်စဉ်များနှင့် အများအတွက် အခမဲ့ နည်းပညာ ဖြန့်ဝေပေးနေသည့် Burglish၊ wxpydict မြန်မာ အင်္ဂလိပ် မြန်မာ အဘိဓါန်၊ myanmar-text-tools မြန်မာစာလုံး ပြောင်းပေးခြင်း စံနစ်၊ keymagic မြန်မာလက်ကွက် ရေးသားမှု အထောက်ကူပြု စသည့် စသည့်စံနစ်များ ဖန်တီးခဲ့သည့် လူငယ်များကို အသိအမှတ်ပြု ပေးအပ်ခြင်းသည် အနာဂတ် ကွန်ပျူတာ ဖွံဖြိုးမှု လောကအတွက် များစွာ အထောက်အကူ ဖြစ်လာစေမည် ဖြစ်ကြောင်း၊ ယခု MCPA Excellent Award 2008 ရရှိသည့် ရန်ကုန်တက္ကသိုလ် ကွန်ပျူတာ သိပ္ပံဌာန၏ ပါမောက္ခ ဒေါ်နွဲ့နွဲ့ဝင်းသည် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များအသင်း (MCPA) ၏ ဒုတိယ ဥက္ကဋ္ဌ လည်းဖြစ်ကြောင်း၊ ထို ဘလောဂ္ဂါမှ ထောက်ပြ ပြောဆိုခဲ့သည်။

MCPA ၏ ဆန်ခါတင် အဆင့် အဖွဲ့အစည်း (၅)ခုမှာ

  • Define e-dictionary ကိုထူးမြင့်နောင် Mymyanmar Unicode
  • e-Trade Myanmar’s SMS ကိုထွန်းထွန်းနိုင်
  • WBTS: Web-based Teaching System [ ပါမောက္ခ ဒေါ်နွဲ့နွဲ့ဝင်း ( မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များ အသင်း (MCPA) ၏ ဒုတိယ ဥက္ကဋ္ဌ )]
  • www.mysteryzillion.org ( ဦးသောင်းစုငြိမ်း နှင့် သွယ်ဝိုက် ပတ်သက်မှု – ရှိ) နှင့်
  • Zawgyi Font ( ဦးသောင်းစုငြိမ်း နှင့် တိုက်ရိုက် ပတ်သက်မှု – ရှိ) MCPA Excellence Award 2007 ရရှိထား

တို့ဖြစ်ကြသည်။

 

alt

LEAVE A REPLY

Please enter your comment!
Please enter your name here