စပိန်ရုပ်သံ Talent အကပြိုင်ပွဲ အသက် ရ၅နှစ်အရွယ် အဖွားအို အနိုင်ရသွား

alt

အသက် (၇၅)နှစ်အရွယ် ဗြိတိသျှ အဖွားအို တဦးသည် စပိန်နိုင်ငံ ရုပ်မြင်သံကြား ဌာနတခုက တင်ဆက် သည့် Talent အကပြိုင်ပွဲ တခုတွင် အနိုင်ရရှိ သွားကြောင်း သိရှိရသည်။

အများက ပက်ဒီဟု ခေါ်ကြသည့် ဆာရာဂျံုးစ် အမည်ရှိ အဖွားအိုသည် လွန်ခဲ့သော (၅)နှစ်က သူမ၏ခင်ပွန်း ဆုံးပါး သွားပြီးနောက် အကကို စနစ် တကျ သင်ယူခဲ့ခြင်း ဖြစ်သည်။

အဖွားအို ပက်ဒီသည် စပိန်ရိုးရာ ဆားဆာ အကကို သူမ၏ အကဆရာ နစ်ကိုနှင့် တွဲဖက် တင်ဆက်သွားပြီး ပရိသတ် နှစ်ထောင်းအားရ အကြိုက်တွေ့ အားပေးမှုကို ခံယူရရှိခဲ့သည်။

နစ်ကိုသည် သူမထက် အသက်(၄၀) ပိုငယ်သူ ဖြစ်သည်။ ပက်ဒီနှင့် နစ်ကိုတို့သည် စပိန်ရုပ်မြင်သံကြား ဆားဆာ အကပြိုင်ပွဲတွင် အောင်ပန်းဆင် နိုင်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ် မြို့တော် ကပွဲတခုသို့ သီးသန့်ဖိတ်ကြား ခံခဲ့ရသည်။

အနောက်မစ်လန်း မှ ဗလန်စီယာသို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် အဖွားအို ပက်ဒီက မိမိအနေနှင့် ဆန္ဒရှိပါက အသက်အရွယ်သည် အဓိက ပြဿနာတခု မဟုတ်တော့သည်ကို သက်သေ ပြနိုင်ခဲ့သည့် အတွက် ကြည်နူးမိကြောင်း၊ ယခုအချိန်ထိ သီချင်းသံကြားတိုင်း ကခုန်ချင်သည့် စိတ်က ပြင်းပြင်းထန်ထန် စွဲကပ်နေဆဲ ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here