ဂျာမနီမှ ကျားဆရာ ကျားစာဖြစ်ခါနီး သွားခဲ့

alt

ဂျာမနီ နိုင်ငံတွင် ပြုလုပ်ခဲ့သော ဆပ်ကပ်ပွဲ တခုအတွင်း ကျားများသည် ၎င်းတို့၏ Trainer ကို လူအများ ရှေ့တွင်ပင် စားသောက်ရန် အားထုတ် ခဲ့ကြောင်း သိရှိရသည်။ အသက် (၂၈)နှစ်ရှိ ခရစ်စတီယန် ၀ါလစ်ဆာသည်

ဘင်္ဂလား ကျား(၃)ကောင်၏ ကုတ်ဖဲ့ ကိုက်ခဲမှုကြောင့် ခန္ဓာကိုယ်ရှိ အသားများစွာ ပဲ့ထွက်ပြီး သွေးသံရဲရဲနှင့် ဒဏ်ရာ အပြင်းအထန် ရရှိ သွားကြောင်း သိရှိရသည်။

ဒီဇင်ဘာ (၁၀)ရက် နေ့က ဟမ်းဘတ်မြို့၊ ဟေဂါဘက် တိရစာ္ဆန် ဥယျာဉ်တွင် ဖြစ်ပွားခဲ့သော ထိတ်လန့်စရာ ဖြစ်ရပ်ဆိုးကြောင့် ၀ါလစ်ဆာအား ယခုတိုင် ဆေးရုံတွင် အသက်လု ကုသနေရဆဲ ဖြစ်သည်။

တဦးလျှင် ယူရို ၁၃၀ကျော် ယူသော ညနေစာ တည်ခင်း၍ ဆပ်ကပ်ဖြင့် ဖျော်ဖြေသော ယင်းပွဲတွင် ကြောက်စရာ ကောင်းသော သားရဲကောင်ကြီး များသည် ၀ါလစ်ဆာ၏ ညွှန်ကြားမှုကို နားမထောင် တော့ဘဲ စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ မျက်မြင် တွေ့ရှိခဲ့သည့် အစ်ဇမက်မူလား က ကျားများသည် ၀ါလစ်ဆာ အား ကလေးငယ်များက အရုပ်ကလေး တခုကို ၀ုိင်းလုသကဲ့သို့ ၀ိုင်းဆွဲကြကြောင်း၊ မြင်ကွင်းသည် အလွန် ထိတ်လန့်စရာ ကောင်းကြောင်း ပြောကြား သွားခဲ့သည်။

သနားစရာ ကောင်းသည့် Trainer အား ရဟတ်ယာဉ်ဖြင့် ဆေးရုံသို့ ချက်ချင်းတင်ပို့ လိုက်ကြရပြီး၊ ၎င်း၏ လက် တဖက်မှာမူ ကျားများကြောင့် ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။ ထိုပွဲကို စီစဉ်ခဲ့သည့် စတီဖန်ပေဂယ် က ကျားများသည် ၀ါလစ်ဆာ နှင့် ဆော့ကစားခဲ့ခြင်းသာ ဖြစ်သော်လည်း သွေးကြောင့် စိတ်ရိုင်းဝင်သွားခြင်း ဖြစ်နိုင်ကြောင်း ပြောကြားသွားခဲ့သည်။

ဆေးဝန်ထမ်း များသည် ထိတ်လန့်စရာ မြင်ကွင်းကြောင့် အကြီးအကျယ် သွေးပျက်သွားသည့် ပရိသတ် အချို့ကိုပါ ကုသ ပေးခဲ့ရကြောင်း ဂျာမနီမှ သတင်းများတွင် ဖော်ပြထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here