မလေးရှား တက္ကစီသမားများ ကမ္ဘာလှည့်တို့ အတွက် အလွန် စိတ်အနှောင့်အယှက် ဖြစ်စရာ

alt

မလေးရှား နိုင်ငံ၏ တက္ကစီသမား များသည် နိုင်ငံအတွင်း နာမည်ဆိုးဖြင့် ကျော်ကြားသည့် ညစ်ပတ်လှသော အများသုံး အိမ်သာ များထက်ပင် ကမာ္ဘလှည့် ခရီးသည် များအား စိတ် အနှောင့်အယှက် ဖြစ်စေကြောင်း

နိုင်ငံ၏ ထင်ရှားသည့် ၀န်ကြီးတဦးက အပြစ်တင် ဝေဖန်ပြောဆို လိုက်သည်။

လွှတ်တော်ဝန်ကြီး နာဇရီအာဇစ် က မိမိတို့သည် ကမာ္ဘလှည့် ခရီးသည် များထံမှ တက္ကစီသမား များ၏ အကျင့်ဆိုး များအတွက် တိုင်ကြားမှုကို အိမ်သာများ ညစ်ပတ်သည့် ကိစ္စထက် ပိုမို ကြားရလေ့ ရှိကြောင်း ဆို၏။

တက္ကစီ သမားများသည် ပိုက်ဆံ ပိုတောင်းခြင်း၊ ရိုင်းပျစွာ ဆက်ဆံခြင်း၊ မီတာကို အသုံးမပြုဘဲ စိတ်ကြိုက် ဈေးတောင်းခြင်း စသည့် လုပ်ရပ်များကို အစဉ်သဖြင့် ကျူးလွန်နေပြီး ကမာ္ဘလှည့် ခရီးသည် များအပေါ် အမြတ်ထုတ်ရန် ကြံစည်နေကြောင်း အာဇစ်က စွပ်စွဲခဲ့သည်။

AFP သတင်းဌာနနှင့် အင်တာဗျူးတွင် ၀န်ကြီးက တက္ကစီသမားများ အနေနှင့် မလေးရှား၏ ဂုဏ်သရေကို နိမ့်ကျစေသည့် အကျင့်ဆိုး များအား ရှောင်ရှားသင့်ကြောင်း တိုက်တွန်းခဲ့သည်။ အာဇစ်က ယခုကိစ္စသည် တတိယ ကမာ္ဘ့ နိုင်ငံများတွင် ဖြစ်နေဆဲ ပြဿနာ တခုဖြစ်ကြောင်း ၀န်ခံခဲ့ပြီး တရုတ်နိုင်ငံတွင် ဆိုလျှင် တက္ကစီသမားသည် ခရီးသည်အား လိုရာသို့ ပို့ဆောင် ပေးခြင်းထက် မေးခွန်း တခုပင် ပိုမမေးကြောင်း ထောက်ပြ ပြောဆိုသွားခဲ့သည်။

နိုင်ငံအတွင်း ယခုကဲ့သို့ ကိစ္စများအား ပြုလုပ်နေသည်မှာ တက္ကစီ သမားတိုင်းတော့ မဟုတ်ကြောင်းလည်း နိုင်ငံတော် ၀န်ကြီးချုပ် ရုံးခန်းကို တာဝန် ယူရသည့် ၀န်ကြီးက ပြောကြားခဲ့သည်။ မလေးရှားထုတ် Expat မဂ္ဂဇင်းက ၎င်းတို့သည် နိုင်ငံပေါင်း (၃၀)ကျော်မှ နိုင်ငံခြားသား (၂၀၀)ကျော်၏ သဘောထားကို မေးမြန်းခဲ့ရာ ၎င်းတို့အဆင့် သတ်မှတ် ပေးထားသည့် နိုင်ငံ(၂၃)ခု အနက် မလေးရှားသည် တက္ကစီ ၀န်ဆောင်မှု အဆိုးဆုံးအဖြစ် ဆန္ဒမဲ ပေးခဲ့ကြကြောင်း ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here