အာဖရိကန် ဖလားအတွက် ဒီဒီယာ ဒရော့ဂ်ဘာ နောက်ကျမှသာ ကမ့်ဝင်နိုင်မည်

alt

ဇန်နဝါရီလ ပထမပါတ် အတွင်း ချဲလ်ဆီး အသင်းအတွက် ပွဲစဉ်များ ရှိနေသဖြင့် အာဖရိကန် ဖလား နိုင်ငံ ကိုယ်စားပြု ကန်ရန် ရွေးချယ်ခြင်း ခံထား ရသော အိုင်ဗရီကို့(စ်) မှ ဒီဒီယာ ဒရော့ဂ်ဘာ နှင့် တန်ဇန်းနီးယား ကိုယ်စားပြု

ချဲလ်ဆီး အသင်းမှ ဆော်လမွန် ကာလူးတို့ အမျိုးသား အသင်းများသို့ လေ့ကျင့် ခန်းဝင် နောက်ကျမည် ဖြစ်ကြောင်း သိရှိရသည်။

ဖီဖါ၏ ဥပဒေသ များအရ ကလပ်အသင်းမှ နိုင်ငံတကာ ပွဲများ ကိုယ်စားပြု သွားရောက် ကန်မည်ဆိုလျှင် ကစားသမားမှာ ရက်သတ္တပါတ် ၂ပါတ် တင်ကြို နိုင်ငံသို့ ပြန်၍ လေ့ကျင်ခန်း ဆင်းရန် လိုအပ်မည် ဖြစ်သည်ဟု ဆိုသည်။

ချဲလ်ဆီးမှာ ဒီဇင်ဘာ လကုန်ပိုင်းတွင် ဖူးလ်ဟမ်း နှင့် တပွဲ ဇန်နဝါရီလ ပထမပါတ်တွင် ဝါ့တ်ဖို့တ် နှင့် တပွဲ ရှိနေသဖြင့် ချဲလ်ဆီးမန်နေဂျာ ကားလို့စ် အန်ဆလိုတီ နှင့် အိုင်ဗရီကို့စ် အမျိုးသားအသင်း မန်နေဂျာ ဗါဟစ်ဟာလီ ဟိုဇစ်တို့ ညှိနိုင်းကြရာ ပြေလည်သွားပြီး၊ ဇန်နဝါရီလ ၁၀ရက် နေ့တွင် အိုင်ဗရီကို့စ် နှင့် အင်ဂိုလာတို့ ကန်မည့် ပွဲစဉ်အတွက် ဒရော့ဂ်ဘာမှာ အမီ ဝင်ကန်နိုင်မည် ဖြစ်သည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here