ဂျာမနီတွင် လူရိုင်း မျိုးနွယ်စုများ လွှမ်းမိုးခဲ့ကြောင်း အထောက်အထား တွေ့ရှိရ

alt

ဂျာမနီ နိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း များစွာက အလွန်ဆိုးသွမ်း ရက်စက်သည့် လူရိုင်း မျိုးနွယ်စုများ လွှမ်းမိုးခဲ့ကြောင်း အသစ်တူးဖော် တွေ့ရှိသည့် သင်္ချိုင်း နေရာဟောင်းက သက်သေ ထူလျှက်နေသည်။

ဟက်ဟီယမ်း ရွာအနီး တူးဖော်တွေ့ရှိသည့် သင်္ချိုင်းဟောင်းတွင် ကလေးနှင့် အမျိုးသမီးများ အများစု ပါ၀င်သည့် လူပေါင်းများစွာကို အစုလိုက် အပြံုလိုက် ယဇ်ပူဇော် ထားကြောင်း မနုဿဗေဒ ပညာရှင်များက ဖော်ထုတ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း (၇၀၀၀) ကျော်ခန့်က ဂျာမနီ နိုင်ငံအတွင်း ရက်စက် ကြမ်းကြုတ်သည့် လူရမ်းကား လူရိုင်းများ ကြီးစိုးခဲ့ပြီး ၎င်းတို့သည် လူများကို တိရစာ္ဆန်သဖွယ် ယဇ်ပူဇော်ကြကြောင်း ပညာရှင်များက ဆိုကြသည်။ အပူဇော်ခံရသည့် လူများမှာ (၅၀၀)ခန့် ရှိနိုင်ပြီး ယခုအခါ ကလေး(၂)ဦး နှင့် လူကြီး(၈)ဦး၏ ရုပ်ကြွင်းများအား ပြန်လည်တူးဖော် တွေ့ရှိခဲ့ရသည်။

ကလေးများသည် အသက်(၆)နှစ်မှ (၁၆)နှစ်ကြား အရွယ်မျှသာ ရှိနိုင်သေးကြောင်း သိရှိရသည်။ မနုဿဗေဒ ပညာရှင် ဘရူနို ဘူလက်စတင် က လူရိုးများနှင့်အတူ တိရစာ္ဆန် အရိုးများကိုပါ တွေ့ခဲ့ရကြောင်း ရှင်းပြခဲ့သည်။ ပြင်သစ်နိုင်ငံ၊ ဘောဒိုးလ် တက္ကသိုလ်မှ ဒေါက်တာဘရူနိုက ယခု လူရိုးများသည် စစ်ပွဲတခုတွင် အောင်မြင်သည့် အထိမ်းအမှတ်အဖြစ် စတေးခံရသူများ ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။

သို့မဟုတ် ပါကလည်း လယ်ယာစိုက်ပျိုးမှု အထွက်တိုး အောင်မြင်စေရန် ယဇ်ပူဇော်မှု၏ သားကောင်များ ဖြစ်နိုင်ကြောင်းလည်း သိရသည်။ ဥရောပ ဒေသသည် လူသားတို့ဉာဏ်ရည် ကောင်းစွာ မဖွံ့ဖြိုးသေးစဉ်က ကြမ်းတမ်း ခက်ထန်လှသည့် လူရိုင်းများ ကြီးစိုးခဲ့ဟန်ရှိပြီး အခြားသော သက်သေအဖြစ် ပြင်သစ်နိုင်ငံ ကျောက်ဂူ တခုအတွင်း ပွဲတော်တခုအတွက် ရက်ရက်စက်စက် အသားများ အလှီးခံရကာ အရှင်လတ်လတ် မြေမြှုပ်ခံခဲ့ရသည့် နှစ်ပေါင်း(၆၀၀၀)ကျော် သက်တမ်းရှိ လူရိုးများအား တူးဖော် တွေ့ရှိခဲ့သေးကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here