အဝတ်ဗလာဖြင့် အတ္တလန္တိတ် သမုဒ္ဒရာကို လှေလှော် ကျော်ဖြတ်မည့် အမျိုးသမီးနှစ်ဦး

alt

ဗြိတိန်နိုင်ငံမှ အမျိုးသမီး (၂)ဦးသည် အတ္တလန္တိတ် သမုဒ္ဒရာကို အဝတ်မပါဘဲ လှေလှော်ကာ ဖြတ်ကျော်ရင်း စံချိန် သစ် တင်ရန် ကြိုးပမ်း သွားမည်ဟု သိရှိရသည်။

အသက် (၃၇)နှစ်ရှိ မယ်လာကင်း နှင့် အသက်(၄၀) အရွယ် အန်နီဂျန်ဆွဲဇကီး တို့သည် ကမာ္ဘ့ စံချိန်တင်ရေး သူမတို့၏ ခရီးစဉ်ကို ကင်နရီ ကျွန်းစုများရှိ ဂိုမီရာ မှ အနောက်အင်ဒီး(စ်) ရှိ အန်တီဂွာထိ မိုင်ပေါင်း(၃၀၀၀) ခရီးကို လှော်ခတ် နိုင်မည်ဟု ယုံကြည်လျှက် ရှိနေကြသည်။

ဘရစ္စတို အရပ်မှ ဗြိတိန် သူတို့သည် ယခင်က အမျိုးသမီး(၂)ဦး ထိုခရီးကို ဖြတ်သန်းခဲ့သည့် (၇၅)ရက် အကြာ စံချိန် ဟောင်းထက်ကို ရိုက်ချိုးနိုင်ရန် မျှော်လင့်နေကြပြီး သူမတို့သည် ပထမက အတွင်းခံ အဝတ်အထည် များဖြင့် တနေ့(၁၅)နာရီ လှော်ခတ်ရန် စီစဉ်ခဲ့သော်လည်း နောက်ဆုံးတွင် အပြည့်အဝ ခန္ဓာကိုယ် ဗလာဖြင့် လှော်ခတ်သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဘယ်ကြောင့် ဆိုသော် အဝတ်များ မပါဘဲ လှော်ခတ်ရခြင်းသည် သူမတို့အတွက် ပိုပြီး ခရီးတွင်ကျယ် နိုင်မည်ဟု ယုံကြည်ထားကြခြင်း ကြောင့်ဟုလည်း သိရှိရှသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here