နော်ဝေး ကောင်းကင်ယံ မှ အလင်းတန်း ပဟေဠိ ရှင်းလင်းပြီ

alt

နော်ဝေး နိုင်ငံ ကောင်းကင်ယံတွင် ထူးထူး ဆန်းဆန်း ပေါ်ပေါက်ခဲ့သည့် ခရုပတ်ပုံ အလင်းတန်း ကြီးနှင့် ပါတ်သက်သည့် ပဟေဠိ များမှာ ယခုအခါ ရှင်းလင်းသွားပြီ ဖြစ်သည်။

ဒီဇင်ဘာ (၉)ရက် နေ့က ထောင်ပေါင်း များစွာသော နော်ဝေး ပြည်သူများသည် ညဘက် ကောင်းကင်ယံတွင် လင်းထိန် သော ခရုပတ်ပုံ အလင်းရောင် များကို တွေ့ရှိခဲ့ပြီးနောက် ပန်းကန်ပြားပျံ တခုမှ ထွက်ပေါ် လာခြင်းလောဟု ကောလ ဟာလ များ ထွက်ပေါ်ခဲ့ရသည်။

သို့သော်လည်း နောက်တရက်တွင်မူ ရုရှားနိုင်ငံက ထို အလင်းရောင်သည် ၎င်းတို့၏ ဘူလာဗါ (Mace) တိုက်ချင်းပစ် ဒုံးကျည်စခန်းမှ ထွက်ပေါ် ခဲ့ခြင်းသာ ဖြစ်ကြောင်း ကြေညာခဲ့သည်။

Christian Science Monitor သတင်းစာက ဖော်ပြချက်အရ ရုရှား အစိုးရသည် နျူကလီးယား အခြေပြု နည်းပညာသစ် ဒုံးကျည်တစင်း စမ်းသပ် ပစ်လွှတ်ခဲ့သော်လည်း မအောင်မမြင် ဖြစ်ခဲ့ရကြောင်း ကရင်မလင် အစိုးရက ၀န်ခံ သွားခဲ့သည်ဟု သိရှိရသည်။

ထိုဒုံးကျည် ပေါက်ကွဲရာမှ ထွက်လာသည့် အပြာရောင် အလင်းတန်းများကို နော်ဝေးနိုင်ငံမှ မြင်ရချိန်တွင် ယခုလို ထူးဆန်းသည့် အသွင်သဏ္ဍာန်မျိုး ဖြစ်နေခြင်းဟု ရုရှား အစိုးရက ပြောကြားခဲ့သည်။ အင်အား ပြင်းထန်စွာ လွှတ်တင်လိုက်သည့် ဒုံးကျည်သည် ကမာ္ဘ့လေထုကို ထိုးခွဲ ၀င်ရောက်စဉ် ပြဿနာပေါ်ကာ ပေါက်ကွဲသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရုရှား ကာကွယ်ရေး ၀န်ကြီးဌာနက ဒုံးကျည်၏ ပထမအဆင့် နှစ်ခုသည် ကောင်းစွာ အလုပ် လုပ်ခဲ့သော်လည်း တတိယအဆင့် တွင်မူ လွဲချော်မှုများ ဖြစ်ပွားခဲ့ကြောင်း ၀န်ခံခဲ့ခြင်းဖြင့် နော်ဝေး ကောင်းကင်မှ အလင်းရောင် ပြဿနာမှာ အဖြေပေါ် သွားခဲ့ပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here