ဂျူဗင်းတပ် ကစားသမားအား ဘာစီလိုနာ ခေါ်ယူသွားဖွယ်ရှိ

alt

စပိန် ချန်ပီယံ ဘာစီလိုနာအသင်း သည် ကွင်းလယ်အင်အား ဖြည့်ဆည်း ရန် အတွက် ဂျူဗင်းတပ် အသင်းမှ ဒိန်းမတ် လက်ရွေးစင် ခရစ္စတီယန် ပေါလ်ဆင် အား ခေါ်ယူဖွယ်ရှိနေ ကြောင်း သိရှိရသည်။

ယာယာတိုရေး နှင့် ဆီဒေါကီတာ တို့ အာဖရိက ဖလားပြိုင်ပွဲ အတွက် အသင်းမှ ဇန်နဝါရီလတွင် ခေတ္တ ထွက်ခွာသွားမည့် အခြေအနေ နှင့် ကြံုတွေ့ နေရသည့် ကာတာလန် အခြေစိုက် ကလပ် အသင်းကြီးသည် အသက် (၂၉)နှစ် အရွယ် ကစားသမား အား မျက်စိကျလာခြင်း ဖြစ်သည်။

ပေါလ်ဆင်သည် ဂျူဗင်းတပ်တွင် ဒီယေဂိုနှင့် ဖီလစ်ပီမယ်လို တို့ ဘရာဇီး အတွဲအား နည်းပြ ဖီရိုဖာရာရာက နေရာ ပေးထားခြင်းကြောင့် အရံခုံတွင် မကြာခဏ ထိုင်နေရသူ ဖြစ်သည်။

ဘာစီလိုနာ နည်းပြ ပက်ဂွာဒီယိုလာ သည် အသင်းမှ ဂျူဗင်းတပ်သို့ အငှားသွားရောက် ကစားနေသည့် ဥရုဂွေး လက်ရွေးစင် မာတင် ကာဆာရက် ကို အလိုက်ပေးပြီး ပေါလ်ဆင်အား ခေါ်ယူသွားနိုင်ရန် မျှော်လင့်နေသည်။

ကာဆာရက်သည် ဂျူဗင်းတပ်တွင် ခြေစွမ်းပြလျှက် ရှိနေသဖြင့် အီတလီ ကလပ်က အပြီးခေါ်ယူ လိုသော်လည်း အပြီးပြတ် ၀ယ်ယူရန် ယူရို(၁၂)သန်း ပေးချေရမည် ဟူသည့် သဘော တူညီချက်ကြောင့် အခက်ကြံုနေရာ ဘာစီလိုနာ၏ ကစားသမားချင်း လဲလှယ်ရေး ကမ်းလှမ်းချက်ကို လက်ခံဖွယ် ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here