မိုက်ကယ်ဂျက်ဆင်၏ ညီအစ်ကိုများ ပူးပေါင်း၍ ကမ္ဘာလှည့် ဖျော်ဖြေပွဲ ကျင်းပမည်

alt

မိုက်ကယ်ဂျက်ဆင်၏ ကျန်ရစ်သူ မိသားစုဝင် ညီအစ်ကို (၄)ဦး အတူတကွ ပူးပေါင်းပြီး ကမာ္ဘလှည့် ဖျော်ဖြေပွဲ တခု ကျင်းပသွားရန် ပြင်ဆင် နေကြောင်း သိရှိရသည်။ ဂျက်ဆင်၏ ညီအစ်ကိုများ ဖြစ်သည့်

မာလွန်၊ တီတိုး နှင့် ဂျာမိန်း တို့သည် ၎င်းတို့၏ စီမံကိန်းအတွက် ယခု သီတင်းပါတ် အတွင်း အတည်ပြု ကြေညာခဲ့သည်။

ထိုပွဲကို လာမည့်နှစ်တွင် စတင် သွားမည်ဖြစ်ပြီး အဖွဲ့၏ အမည်ကို မိုက်ကယ် မရှိတော့သည့် အတွက်ကြောင့် Jackson 4 ဟု ပေးထားကြောင်း သိရှိရသည်။ ၎င်းတို့သည် Pop ဘုရင်ကြီး အသက်ရှင် နေစဉ် ငယ်စဉ်ကပင် Jackson 5 အမည်ရှိ အဖွဲ့ကိုဖွဲ့ ခဲ့ဖူးသည်။

အသက် (၅၈)နှစ်ရှိ ဂျက်ကီက မိမိတို့အတွက် ကမာ္ဘနှင့်တဝှမ်း ပရိသတ် ပမာဏ အမြောက်အမြား ရှိနေသေးသည်ဟု ယုံကြည်မိကြောင်း၊ ထို့ကြောင့်လည်း ကြီးကျယ် ခမ်းနားလှသည့် ဂီတပွဲကြီးတခု အောင်မြင်စွာ ကျင်းပ သွားနိုင်မည်ဟု မျှော်လင့်ထားကြောင်း  ယခုကဲ့သို့ ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အသက် (၅၄)နှစ်ရှိ ဂျာမိန်းကလည်း မိမိတို့ ညီအစ်ကိုများ လက်တွဲပြီး ဖျော်ဖြေမှုသည် သွားလေသူအတွက် ကျေနပ်စရာ ဖြစ်လိမ့်မည်ဟု မှတ်ချက်ပြု ပြောဆိုသွားခဲ့သည်။

Jackson 4 ၏ ညီငယ် မိုက်ကယ်ဂျက်ဆင် သည် Propofol ခေါ် ပြင်းအားမြင့်လှသော အကိုက်အခဲ ဆေးဝါးတမျိုးကို တရားလွန် သုံးစွဲမိရာမှ နှလုံးဖောက် ပြန်ပြီး (၂၀၀၉) ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့တွင် ကွယ်လွန်ခဲ့ရ၍ တ ကမာ္ဘလုံးရှိ သူ၏ ပရိသတ်များ ယနေ့တိုင် ဝမ်းနည်းပက်လက် ယူကြံုးမရ ဖြစ်ခဲ့ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here