အိန္ဒိယထံမှ ဘင်းမ်စတက်ခ် ဥက္ကဋ္ဌနေရာ မြန်မာ လက်ခံ ရယူ

alt

နိုင်ငံ ရ နိုင်ငံဖြင့် ဖွဲ့စည်းထားသော BIMSTEC ဟုခေါ်သည့် ဘင်္ဂလား ပင်လယ်အော် ဒေသများ အတွင်း စီးပွားရေး နှင့် နည်းပညာ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ ဥက္ကဋ္ဌ

နေရာအား သောကြာနေ့က အိန္ဒိယ ထံမှ မြန်မာနိုင်ငံ အလှည့်ကျ လွဲပြောင်း ယူလိုက်သည်ဟု သိရှိ ရသည်။

ထိုအဖွဲ့မှာ တောင်အာရှ  နှင့် အရှေ့တောင် အာရှ၊ အိန္ဒိယ နှင့် ဘင်္ဂလား ပင်လယ် အရှေ့မြောက်ပိုင်း ဒေသများအား စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန် ရည်သန်၍ ပေါင်းကူး ဖွဲ့စည်းထားသော လူသိ မများသည့် အဖွဲ့အစည်း တခုလည်း ဖြစ်သည်။

သောကြာနေ့က ယင်း ရနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းဝေးကို နေပြည်တော်တွင် ပြုလုပ်ရာ အိန္ဒိယနိုင်ငံ ပြည်ပရေးရာ ဝန်ကြီး ဆိုမန်နာဟောလီ မောလိုင်အရ် ခရစ်ရှနား ( Somanahalli Mallaiah Krishna ) က မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းအား ယခုလို ၃နှစ် သက်တမ်းရှိသော နေရာအား လွဲပြောင်း ပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းအဖွဲ့တွင် ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း နိုင်ငံများ ဖြစ်သော အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ဘူတန်၊ နီပေါ၊ သီရိင်္လကာ နှင့် ထိုင်းနိုင်ငံ တို့ ပါဝင်ကြသည်။ အဆိုပါအဖွဲ့၏ ထိပ်သီး အစည်းဝေး ၁၂နှစ်ကြိမ်မြောက်ကို ယမန်နှစ်က အိန္ဒိယတွင် ကျင်းပခဲ့ပြီး ထိုနိုင်ငံများ၏ ကုန်သွယ်မှု အစုစုတို့ကို အိန္ဒိယနိုင်ငံမှ ဦးဆောင်ပြီး ဆက်သွယ်ပေးခဲ့သည်ဟု မစ္စတာခရစ်ရှနားက ပြောကြားလိုက်သည်။

လွန်ခဲ့တဲ့ ၃နှစ်ကနေ အိန္ဒိယဟာ ဘင်းမ်စတက်ခ် ကို စွမ်းအင်အပြည့်နဲ့ ဖွံ့ဖြိုးလာစေဖို့ ဦးဆောင်မှုကောင်း ပေးခဲ့ပြီး ဘင်းမ်စတက်ခ် ဟာ အောင်မြင်မှုပန်းတိုင်ကို တည့်မတ်စွာ သွားနိုင်မယ်လို့ မစ္စတာ ခရစ်ရှနားက ယမန်နေ့က နေပြည်တော်မှာ ပြောကြား လိုက်ပါတယ်။ ဒီအဖွဲ့ဟာ ကျန်းမာရေး၊ စွမ်းအင်၊ နည်းပညာ၊ လူသား အရင်းအမြစ် ဖွံ့ဖြိုးမှု၊ ကုန်သွယ်ရေး၊ ခရီးသွား၊ ယဉ်ကျေးမှု အစရှိသော ကိစ္စရပ်များ အပါအဝင် စုစုပေါင်း လုပ်ငန်း ၁၄ခု အကျိုးတူ ပူးပေါင်းဆောင်ရွက် နေသည်ဟု သိရှိရသည်။

မစ္စတာ ခရစ်ရှနားသည် စစ်အစိုးရ ဝန်ကြီးချုပ် သိန်းစိန်နှင့်လည်း တွေ့ဆုံကာ အိန္ဒိယ-မြန်မာ နယ်ခြားရှိ သူပုန်များကိစ္စ၊ ရာဇဝတ်မှု များနှင့် မူးယစ်ဆေးဝါး တင်ပို့မှု ကိစ္စရပ်များ နှင့် အိန္ဒိယပါဝင် ပါတ်သက်နေသော နျူကလီးယား အရေး ကိစ္စရပ်များပါ ဗိုလ်ချုပ်ကြီး သိန်စိန်နှင့် အသေးစိတ် ထပ်မံ ဆွေးနွေးဦးမည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here