အမူးလွန်ကာ ရဲအရာရှိပေါ်သို့ အပေါ့ စွန့်ခဲ့သည့် အမျိုးသား ထောင်ဒဏ် ချမှတ်ခံရ

alt

အရက်မူးပြီး ရဲအရာရှိပေါ် ဆီးသွား ခဲ့မိသည့် အမေရိကန်နိုင်ငံ ဝစ္စကွန်ဆင် ပြည်နယ်မှ  အမျိုးသား တဦးအား ထောင်ဒဏ် (၁)နှစ် ချမှတ် လိုက်ကြောင်း သိရှိရသည်။

၎င်းသည် အရက်သောက်ပြီး ကား မောင်းမှု အတွက် ပဥ္စမမြောက် အဖမ်းခံ ရချိန်တွင် ယခုလို ပြုမူခဲ့ခြင်းဟု သိရသည်။ အသက် (၃၆)နှစ်ရှိ ၀ယ်ဒို မြို့ခံ ဒင်နီရယ်ရှေးတ် ဂျူနီယာ(၃၆နှစ်) သည် ဒေါ်လာ(၃၆၀၀) ကိုလည်း ထပ်မံ လျော်ကြေး ပေးဆောင်ရမည် ဖြစ်ပြီး ကားမောင်း လိုင်စင်လည်း (၃)နှစ် အပိတ်ခံရန် ဒီဇင်ဘာ (၉)ရက် နေ့တွင် ၀ယ်ဒို တရားရုံးက အမိန့်ချမှတ် လိုက်သည်။

ဒင်နီရယ်သည် (၂၀၀၈)ခုနှစ်၊ နိုဝင်ဘာလ အတွင်းက ပလိုင်းမောက်တွင် ဓာတ်ဆီဆိုင် တဆိုင်အား ကားဖြင့် ၀င်တိုက်ခဲ့ပြီး ထိုအမှုအား ရဲမှလာရောက် စစ်ဆေးနေစဉ် ဒယ်နီရယ်မှာ အမူးလွန်၍ ကားအားသေးနှင့် ပတ်၍ ပန်းချိန်နှင့်ကြံုကာ ကားအား ငုံ့ကြည့်နေသော ရဲ၏ ဦးခေါင်း အနောက်ဖက်သို့ စင်မိသွားခြင်း ဖြစ်သည်ဟု ဒေသတွင်း ရှီဘိုဂန် သတင်းဋ္ဌာနက ဆိုသည်။

၎င်းသည် ထိုအချိန်က အရက်မူးနေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ပြီး ခေါင်းပေါ် တည့်တည့် ဆီးသွားခံရသည့် ရဲကပင် ဒင်နီရယ်အား ဖမ်းလိုက်ခြင်း ဖြစ်သည်။

တရားရုံးရှေ့နေ ခရစ်အီပတ်က ဒင်နီရယ်၏ အမှုသည် အရက်မူးပြီး ကားမောင်းသူများ၏ လုပ်ရပ်များအနက် အထင်ရှားဆုံး ကိစ္စတခု ဖြစ်ခဲ့ကြောင်း သတင်းထောက် များထံ ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here