စပျစ်ဖျော်ရည် သောက်သုံးခြင်း မှတ်ဉာဏ် လျော့ပါးခြင်းကို ကာကွယ်နိုင်

alt

စပျစ်ဖျော်ရည် သောက်သုံးခြင်းသည် မှတ်ဉာဏ် လျော့ပါးခြင်းကို ကာကွယ် နိုင်ကြောင်း ပညာရှင်များက သက်သေ ပြ ပြောကြား လိုက်သည်။ ခရမ်းရောင် ရှိသည့် ဖျော်ရည်အား (၁၂)ပါတ် ကြာမျှ

ပုံမှန် သောက်သုံးခဲ့သူ တဦးသည် မှတ်ဉာဏ်တိုးတက် လာသလို စိတ်ပိုင်း ဆိုင်ရာ စစ်ဆေးမှု များတွင်လည်း ယခင်ကထက် ရမှတ် ကောင်းလာ ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ၊ စင်စင်နတီ တက္ကသိုလ် မှ ပညာရှင်များက မှတ်ဉာဏ် ဆုံးရှုံးမှု ဝေဒနာကို ခံစား နေရသည့် ဝေဒနာရှင် (၁၂)ဦး အား စပျစ်ရည် ပုံမှန် တိုက်ကျွေးကာ စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ ထို(၁၂)ဦးကို အုပ်စု နှစ်စု ခွဲလိုက်ပြီး တစုကို မက်ဆာချူးဆက်ရှိ ကွန်းကော့မှ စပျစ်သီးကို အသုံးပြု ထားသည့် ဖျော်ရည် ကို တိုက်ကျွေးကာ ကျန်တစု ကိုမူ အခြားသော ဒေသထွက် စပျစ်သီး များဖြင့် ဖျော်ရည် တိုက်ကျွေးခဲ့သည်။

(၃)လကြာ လေ့လာမှုများ ပြီးဆုံးချိန်တွင် အဖွဲ့နှစ်ခုလုံးမှ ဝေဒနာရှင် များသည် မှတ်ဉာဏ် အခြေအနေ သိသိသာသာ တိုးတက် လာသည်ကို ပညာရှင်များက တွေ့ရှိခဲ့ရ ခြင်းဖြစ်သည်။

ဒေါက်တာရောဘတ် ခရစ်ကိုနီယန် က ၎င်းနှင့် လုပ်ဖော်ကိုင်ဖက်များ ဖော်ထုတ် နိုင်ခဲ့သည့် သုတေသန ရလဒ်ကို မြောက်ပိုင်း ယောက်ရှိုင်းယားရှိ ဟာရိုဂိတ် တွင် ကျင်းပသည့် Polyphenols and Health ကွန်ဖရင့်တွင် ယင်း တွေ့ရှိချက်ကို တင်ပြခဲ့သည်။

သို့သော်လည်း ယခု တွေ့ရှိမှုသည် ကာလတို မှတ်ဉာဏ် အတွက်သာဖြစ်ပြီး နောက်ထပ် သုတေသန လုပ်ငန်းများ အသေးစိတ် ဆောင်ရွက်ရန် လိုအပ် နေသေးကြောင်းလည်း ဒေါက်တာခရစ် က ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here