စစ်စိုးရ ချုပ်ကိုင်သော စာပေဗိမာန် ဆုရ စာရင်း ထွက်ပေါ်လာ

alt

မြန်မာ စစ်အစိုးရ ချုပ်ကိုင် ထားသော ပြန်ကြားရေး ဝန်ကြီး ဋ္ဌာန ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေး ဋ္ဌာနက ကြီးမှူး ကျင်းပသည့် ၂၀၀၈ခုနှစ် စာပေ ဗိမာန် ဆုရ စာရင်းအား ဆု ရွေးချယ်ရေး အဖွဲ့မှ ယနေ့ ထုတ်ပြန် ကြေညာ လိုက်သည်။

စာပေ ဗိမာန်ဆုတွင် ဘာသာရပ် ၁၂မျိုးရှိရာ ယမန်နှစ် ၂၀၀၇ ခုနှစ်က ဆုပေါင်း ၃၁ဆု ရယူ ဆွတ်ခူးနိုင်ခဲ့ပြီး ယခုနှစ် တွင် ဆုရရှိသူ ၂၉ဦး သာ ရရှိခဲ့သည်။ ယခုနှစ်တွင် နိုင်ငံရေးနှင့် ဘာသာပြန် စာမူများ လက်ခံ ရရှိသော်လည်း ရွေးချယ်ခြင်း မပြုဟု သိရှိရသည်။

စာပေဗိမာန် အား ဘာသာပြန် အဖွဲ့အစည်း အဖြစ် ၁၉၄၇ ခုနှစ်ထဲမှ စတင်ခဲ့ပြီး ယခုဆုအား ဒီဇင်ဘာလ ၃၁ရက်နေ့ ကြာသာပတေးနေ့ နံနက်တွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဋ္ဌာနတွင်် အခမ်းအနားနှင့် ချီးမြှင့် မည်ဟု သိရှိရသည်။

 

ဝထ္ထုရှည် ဆုတွင် နေမျိုးသန့် ( မေတ္တာဘုံ သစ္စာလွှမ်းတယ် လွမ်းငြိမ့်ငြိမ့်အေး )

ဝထ္ထုတို ပေါင်းချုပ်တွင် မြေလတ် မင်းလွင် ( ရေနှင့်မျှားသည့် ငါးပလူနှင့် အခြား ဝထ္ထုတိုများ)

ကဗျာ ပေါင်းချုပ် ဆုတွင် ပင်လည်ဘူး မောင်ဟန်တင့်၏ ( အိပ်မက် တရာ ကဗျာများ )

သုတ ပဒေသာ – ဝိဇ္ဇာပညာရပ်တွင် သန်းထွန်း (မော်လမြိုင်)၏ ( မြန်မာနိုင်ငံ ဂုဏ်ထူးဆောင် ဘွဲ့၊ဂုဏ်ထူးဆောင် တံဆိပ်များ သမိုင်း )

သုတပဒေသာ – သိပ္ပံနှင့် အသုံးချ သိပ္ပံပညာရပ် တွင် လူလေး (မြစ်ဝကျွန်းပေါ်) ၏ (ရေအောက်ကမာ္ဘ၏ သိပ္ပံဆိုင်ရာ လျို့ဝှက်ချက် များနှင့် ရေငုပ် သူရဲကောင်းများ )

စာပဒေသာ ဆုတွင် သောင်းညွှန့်သစ်၏ ( မြိင်ယံလယ်က ဟတ္ထိဝင်္က )

မြန်မာ့ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆုတွင် မအေးချမ်း (မြန်မာစာ)၏ ( မြန်မာ့ရိုးရာ ဇါတ်ညွှန်း အနုပညာနှင့် သဘင်မှု လုပ်ငန်း အခေါ်အဝေါ်များ )

ကလေး စာပေဆုတွင် မင်းနိုင်လေး (လမ်းမတော်) ၏ ( အလှသစ်ချိန် ပန်းပွင့်ချိန် ကလေး ကဗျာများ )

လူငယ် စာပေဆုတွင် ခင်လပြည့်ဝန်း ၏ ( ကနာ္တရဆူး)

ပြဇါတ် စာပေဆုတွင် ဇင်မင်း(သမိန်ထော) ၏ ( ရွှေထီးချောင်းက မောင်းထုသံ)

တို့ အသီးသီး ပထမဆုများ ရရှိကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here