အာကာသ ခရီးသွားယာဉ်ပျံ ဒီဇိုင်း ထုတ်ဖော် ပြသပြီ

alt

လျှို့ဝှက်သော စီမံကိန်းတခု အဖြစ် သီးသန့် တည်ဆောက်မှု (၅)နှစ် ကြာခဲ့ပြီး နောက် Virgin Galatic သည် ၎င်းတို့၏ အာကာ ခရီးသွား ကူးတို့ ယာဉ်ပျံ ဒီဇိုင်းကို ပထမဆုံး အကြိမ် ထုတ်ဖော်ပြသ လိုက်သည်။

ယင်း ယာဉ်ပျံသည် အာကာသ အတွင်းသို့ ခရီးသည်များအား အခကြေး ငွေဖြင့် အလည်အပတ် ပို့ဆောင်ရန် ရည်ရွယ် ဖန်တီးထားခြင်း ဖြစ်သည်။ ဒီဇင်ဘာ (၇)ရက် နေ့က ပြသခဲ့သော SpaceShipTwo လွန်းပျံယာဉ်အား ယခုအခါ မိုဂျာဗား သဲကနာ္တရအတွင်း တည်ဆောက်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။

SpaceShipTwo သည် အာကာသယာဉ် ဒီဇိုင်းပညာရှင် ဘရုရူတန် ဖန်တီးထားသည့် (၂၀၀၄) ခုနှစ်ထုတ် ပုံစံငယ် SpaceShipOne ကို အခြေခံပြီး တည်ဆောက်ထားခြင်း ဖြစ်သည်။ ယင်းသည် ကမာ္ဘ့ပထမဆုံး ကိုယ်ပိုင် အာကာသယာဉ် ဖြစ်လာမည့် အတွက် AnsariX ဆုအဖြစ် ဒေါ်လာ(၁၀)သန်းကို ရရှိထားသည်။

Virgin Galatic သည် လာမည့် နှစ်ပိုင်းအတွင်း အာကာသ လွန်းပျံယာဉ်ကို အလျင်မြန်ဆုံး တည်ဆောက် သွားနိုင်ရန် မျှော်လင့်နေသည်။ SpaceShipTwo သည် (၂၀၁၁)ခုနှစ်တွင် စတင် ပျံသန်းနိုင်ဖွယ် ရှိနေပြီး အာကာသခရီးသည် တဦးလျှင် ဒေါ်လာ (၂)သိန်းဖြင့် လက်မှတ်များ ရောင်းချသွားရန် စီစဉ်ထားရာ ယခုအခါ ကြိုတင်လက်မှတ် (၃၀၀)ကျော် ရောင်းချထားရပြီး ဖြစ်သည်။

SpaceShipTwo သည် ပေါ့ပါးခိုင်ခံ့သည့် သတ္တုရောများဖြင့် တည်ဆောက်ထားပြီး ယာဉ်အား တွန်းကန်ပေးရန် အတွက် မျိုးစပ်လောင်စာ မော်တာ ဒုံးကျည်များကို အသုံးပြုထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here