ပီကေဝါးရင်း ပါးစပ်အတွင်း ပေါက်ကွဲမှုဖြစ် သေဆုံး

alt

ယူကရိန်း ကျောင်းသား တဦးသည် ပီကေ ၀ါးနေရင်း ပါးစပ်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားသဖြင့် သေဆုံး သွားခဲ့ရကြောင်း သိရှိ ရသည်။ ယူကရိန်း မြောက်ပိုင်း ကိုနိုတော့ မြို့ရှိ အသက် (၂၅)နှစ် အရွယ် ဓာတုဗေဒ

ကျောင်းသားသည် ပီကေ ဝါးယင်း ပေါက်ကွဲသဖြင့် ဆိုးဆိုးရွားရွား ထိခိုက် မိကာ သေဆုံး သွားခဲ့ရခြင်း ဖြစ်ကြောင်း ဒီဇင်ဘာ (၉)ရက် နေ့ထုတ် ယူကရိန်း သတင်းစာ များက ဖော်ပြ ခဲ့ကြသည်။

၎င်းသည် ပြီးခဲ့သည့် သီတင်းပါတ် အကုန်က မိဘအိမ်တွင် ကွန်ပျူတာ တလုံးဖြင့် အလုပ် လုပ်နေကြောင်း၊ အလုပ် လုပ်ရင်းလည်း ပီကေ ၀ါးနေကြောင်း သိရပြီး၊ ထို့နောက်တွင်မူ အခန်းအတွင်းမှ ပေါက်ကွဲသံ တခု ခပ်ကျယ်ကျယ် ကြားလိုက်ရသဖြင့် မိဘများက စိုးရိမ်တကြီး ၀င်ကြည့်ကြရာ ကီးယက် ပိုလီတက္ကနစ် ကျောင်းမှ ကျောင်းသားသည် အောက်မေးရိုး ပွင့်ထွက်သည့် ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

ယူကရိန်း ရဲများသည် ယခု ဖြစ်ရပ်အတွက် ဗျာများ နေကြရပြီး အခြေအနေကို စုံစမ်းနေဆဲ ဖြစ်သည်။ မှုခင်း ဆေးပညာရှင်များက ပီကေ၏ အပြင်ခွံတွင် အကာအဖြစ် အသုံးပြုထားသည့် ဓာတုပစ္စည်း တမျိုးသည် ဖောက်ခွဲရေး ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုလေ့ ရှိကြောင်း၊ ယခု ပေါက်ကွဲမှုသည် ယင်းပစ္စည်းနှင့် ဆက်နွယ် နေနိုင်ကြောင်း သုံးသပ် ခဲ့ပြန်သည်။

ရဲများက ကျောင်းသား၏ စားပွဲပေါ်တွင် အက်ဆစ်တမျိုး အနည်းငယ် စွန်းပေ နေသည်ကို တွေ့ခဲ့ရပြီး ကျောင်းသားသည် ထို အက်ဆစ်ပေါ်တွင် ပီကေကို တင်ထားခဲ့ဟန် တူကြောင်း၊ ထို့နောက် အမှတ်မထင် ပါးစပ်ထဲထည့်ပြီး ၀ါးနေရာမှ အက်ဆစ်နှင့် ဓာတ်ပြုပြီး ထို ဓာတုပစ္စည်းက ပေါက်ကွဲသွားခြင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်း ရဲတပ်ဖွဲ့သည် ထို ကိစ္စအတွက် စုံစမ်းမှုများ ဆက်လက် ပြုလုပ်နေပြီး (၁၀)ရက် အကြာတွင် ရာဇဝတ်မှု မြောက်/ မမြောက် အဆုံးအဖြတ် ပေးသွားမည်ဟု ကြေညာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here