ဘောလုံးပွဲကိစ္စ အငြင်းပွားရာမှ မရိန်းစစ်သား တဦး သေနတ်ထိမှန် သေဆုံး

alt

အမေရိကန်နိုင်ငံ၊ မြောက်ကာရိုလိုင်းနား ရဲဌာနက မရိန်းစစ်သား တဦးသည် သူငယ်ချင်း တဦးနှင့် ဘောလုံးပွဲကိစ္စ အငြင်းအခုန် ဖြစ်ရင်း သေနတ်ထိမှန် သေဆုံးသွားကြောင်း ပြောကြားခဲ့သည်။

ရဲဌာနက အသက်(၂၁)နှစ်ရှိ ဂျိုနသန် ကလင်တန် ရိုဒရီဂွတ်သည် ဒီဇင်ဘာ (၆)ရက်နေ့ နံနက်ပိုင်းက လုပ်ဖော်ကိုင်ဖက် မရိန်းတဦးနှင့် ဟာဗီလော့ရှိ နေအိမ်တွင် အငြင်းအခုန် ဖြစ်ကြရင်း သေဆုံးသွားခြင်းဟု အတည်ပြုခဲ့သည်။

အသက်(၂၃)နှစ်ရှိ လီယွန်နယ်လိုယာ နှင့် ဂျိုနသန်တို့ ဘောလုံးပွဲ အကြောင်း ငြင်းခုန်စဉ် လိုယာ၏သေနတ်မှ မတော်တဆ ကျည်ထိမှန်ပြီး ဂျိုနသန် ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်။ ထိုကိစ္စအတွက် လိုယာအား လူသတ်မှုဖြင့် ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

သို့သော်လည်း ၎င်းအား အရပ်ဖက် (သို့မဟုတ်) စစ်ဖက်ခုံရုံးတွင် စစ်ဆေးမည်ကို သဲသဲကွဲကွဲ မသိရသေးပေ။ သတင်းများက သက်ဆိုင်ရာ စစ်ဌာနကို ဆက်သွယ် မေးမြန်းသော်လည်း မှတ်ချက် မပေးခဲ့ကြောင်း ဖော်ပြထားသည်။

ထိုနေ့က တက်ဆက်အသင်းက နီဘရာစကား အား အနိုင်ရသည့် ကိစ္စနှင့် ပတ်သက်ပြီး သူငယ်ချင်းနှစ်ယောက် အချင်းများရာမှ ယခုလို ကြေကွဲဖွယ်ရာ ကိစ္စမျိုး ပေါ်လာရခြင်း ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here