ဗလန်စီယာ ကစားသမားအား ဂျူဗင်းတပ်မှ ခေါ်ယူရန် ပြင်ဆင်နေ

alt

ဘေယန် မြူးနစ်အား အိမ်ကွင်းတွင် ဂိုးပြတ် အရေးနိမ့် ပြီးနောက် ဥရောပ ချန်ပီယံ လိဂ်ကို ကျောခိုင်းခဲ့ရသဖြင့် ပရိသတ်များ၏ ဒေါသကို ရင်ဆိုင် နေရသော အီတလီထိပ်သီး ဂျူဗင်းတပ် သည် ဗလန်စီယာမှ ဂျူအန်မာတာ

အား ခေါ်ယူရန် ပြင်ဆင်နေပြီ ဖြစ်သည်။

စပိန် သတင်းစာ Sport ၏ အဆိုအရ စပိန် လက်ရွေးစင် မာတာ အတွက် အီတလီ အသင်းထံမှ တရားဝင် ကမ်းလှမ်းမှုများ ပြုလုပ်တော့မည်ဟု သိရှိရသည်။

ဂျူဗင်းတပ် နည်းပြ ဆီရိုဖာရာရာ သည် ဥရောပ ထိပ်တန်း အသင်းကြီးများက မျက်စိကျနေသည့် မာတာအား ခေါ်ယူနိုင်ပါက အသင်း တိုက်စစ်အတွက် ပိုမို ကောင်းမွန်လာမည်ဟု မျှော်လင့်နေသည်။

ဂျူဗင်းတပ်တွင် ဒယ်ပီယာရို၊ အမော်ရီနှင့် ထရက်ဇီဂေးတို့ကဲ့သို့ ထိပ်ထိပ်ကြဲ တိုက်စစ်မှူးများ ရှိနေသေးသော်လည်း ဖာရာရာက ကျေနပ်ခြင်း မရှိသေးချေ။ ထို့အပြင် ဘရာဇီး လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် ဒီယေဂိုမှာလည်း ၀ါဒါဘရီမင်မှ ပြောင်းရွှေ့လာပြီး နောက်ပိုင်း ခြေစွမ်း အနိမ့်ကျဆုံး အနေအထားနှင့် တွေ့ကြံုနေရသည်။

အသက်(၂၁)နှစ်ရှိ မာတာသည် ယခုနှစ်အတွင်း ဗလန်စီယာ အတွက် (၄)ဂိုးသွင်းပြီး (၂)ဂိုး ဖန်တီးပေးထားသူ ဖြစ်သည်။ ဗလန်စီယာသည် မာတာအတွက် ဈေးနှုန်းကို အနည်းဆုံး ယူရိုသန်း (၂၀)ဟု သတ်မှတ်ထားပြီး ဘေယန် မြူးနစ်ကလည်း ၎င်းအား စိတ်ဝင်တစား စောင့်ကြည့်နေပြီ ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here