āအစ္စရေးအား တုန့်ပြန်တိုက်ခိုက် သွားမည်ဟု အီရန်ပြောကြား

alt

အီရန်နိုင်ငံ ကာကွယ်ရေး ၀န်ကြီးက အစ္စရေး အနေနှင့် မိမိတို့ နိုင်ငံအား တိုက်ခိုက် လာပါက အီရန်ကလည်း ၎င်းတို့၏ နျူကလီးယား စီမံကိန်း နေရာများကို တုန့်ပြန်တိုက်ခိုက် သွားမည်ဟု ခြိမ်းခြောက် လိုက်သည်။

ကာကွယ်ရေး ၀န်ကြီး ဖြစ်သူ ဗိုလ်ချုပ်ကြီး အာမက်ဗာဟီဒီ က ယခု စကားအား လက်ဘနွန် ရုပ်မြင်သံကြား ဌာနာ အယ်မာနာနှင့် တွေ့ဆုံမေးမြန်း ခန်းတွင် ပြောကြားသွားခြင်း ဖြစ်သည်။

၎င်းသည် အီရန်၏ အိမ်နီးချင်း ဆီးရီးယားသို့ ရောက်ရှိနေစဉ် ဒမတ်စကက် မြို့တော်၌ သတင်းထောက်များနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ အယ်မာနာ ရုပ်မြင်သံကြား ဌာနသည် ဆီရီးယားနှင့် အီရန်တို့က ထောက်ပံ့ ပေးထားသည့် လက်ဘနွန် လက်နက်ကိုင် ပြောက်ကြားတပ်ဖွဲ့ ဟစ်ဇဘိုလာ တို့၏ အာဘော် သတင်းကွန်ရက် တခုလည်း ဖြစ်သည်။

အစ္စရေး ကမူ လတ်တလောတွင် အီရန်အား စစ်ရေးအရ ထိပ်တိုက် တွေ့ဆုံရန် အစီအစဉ် မရှိသေးကြောင်း ပြောဆိုထားသည်။ အစ္စရေး၊ အမေရိကန်နှင့် အနောက်မဟာမိတ် နိုင်ငံများက အီရန်သည် နျူကလီးယား စွမ်းအင်ကို လက်နက်များ ထုတ်လုပ်ရေး အတွက် သုံးစွဲရန် ပြင်ဆင်နေကြောင်း စွပ်စွဲထားပြီး အီရန် အစိုးရကမူ ငြင်းဆန်ထားသည်။

အီရန်နိုင်ငံက မိမိတို့အနေနှင့် နျူကလီးယားကို စွမ်းအင် ကဏ္ဍအတွက်သာ ရည်ရွယ်အသုံးပြု သွားမည်ဖြစ်ကြောင်း ကမာ္ဘသိ ကြေညာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here