လက်ဖက်ရည် သောက်ခြင်းသည် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ အတွက် နည်းလမ်းကောင်း ဖြစ်

alt

စိတ်ပိုင်းဆိုင်ရာ ပြဿနာများ အတွက် အက်စပရင် ဆေးဝါးများကို သုံးစွဲမှု အချို့ ရှိနေသော်လည်း ယင်းထက် ပိုကောင်းသည့် နည်းလမ်း အဖြစ် လက်ဖက်ရည် သောက်ရန် ဗြိတိန် နိုင်ငံမှ သုတေသီ များက တိုက်တွန်း

လိုက်သည်။

ဗြိတိန်တွင် လက်ဖက်ရည် သောက်ခြင်း ဖြင့် စိတ်ဖိစီးမှုများ လျော့ကျ စေကြောင်း ယုံကြည်မှုအချို့ ရှိပြီး ဖြစ်သည့်တိုင် ထိုထက် ပိုသည့် ကျန်းမာ ရေး အတွက် ကောင်းကျိုးများ ရှိနေသေးကြောင်း ပညာရှင်များက ပြောကြား ခဲ့ကြသည်။

နယူးကာဆယ် တက္ကသိုလ်မှ သုတေသီများသည် ဘရာဇီး နိုင်ငံထွက် Hyptis crenata ခေါ် လက်ဖက် တမျိုးတွင် နာကျင်မှု များကို လျော့ပါး သက်သာစေသည့် သဘာဝ အာနိသင်တမျိုး ပါရှိနေကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။

ထို့ကြောင့်လည်း ဘရာဇီးရိုးရာ သမားတော်များသည် လက်ဖက်ကို ဝေဒနာသက်သာ လျော့ပါးစေသည့် ဆေးဝါးများ အတွင်း ထည့်သွင်း သုံးစွဲခဲ့ခြင်း ဖြစ်သည်။ ပညာရှင်များ၏ အဆိုအရ ကမာ္ဘအရပ်ရပ်မှ အခြားသော လက်ဖက်မျိုး များတွင်လည်း တူညီသော အာနိသင်ရှိကြောင်း သိရှိရသည်။

ထို့အပြင် လက်ဖက် အမည်းနှင့် အစိမ်းများတွင် flavonoids ခေါ် နှလုံးရောဂါ ဟန့်တားသည့် ဓာတ်တမျိုးနှင့် polyphenols ခေါ် ကင်ဆာ တားဆီးသည့် ဓာတ်တမျိုးလည်း ပါ၀င်နေကြောင်း ပညာရှင်များက ဆိုကြသည်။ လက်ဖက်ခြောက်၏ အာနိသင်များကို သီးသန့် လေ့လာနေသည့် ဂျပန် သုတေသီများ ကမူ လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းသည် သွားများကို ခိုင်ခံ့ မာကြောစေကြောင်း အတိအကျ ထောက်ခံထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here