ဟောက်သံကြောင့် အဖေဖြစ်သူအား သားက ထိုးကြိတ် တိုက်ခိုက်

alt

အမေရိကန်နိုင်ငံ ဖလော်ရီဒါရှိ ဆယ်ကျော်သက် တဦးသည် အိပ်ပျော် နေသော ဖခင် ဖြစ်သူအား အသံကျယ်ကျယ် ဟောက်ခြင်းကြောင့် ပြင်းပြင်း ထန်ထန် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဒေသခံ ရဲတပ်ဖွဲ့က အသက် (၁၈)နှစ်ရှိပြီ ဖြစ်သည့် အမည်ဖော်ပြခြင်း မရှိသော ယင်းလူငယ်သည် ဖခင်က ကျယ်လောင်စွာ ဟောက်နေသည်ကို သည်းမခံ နိုင်သဖြင့် ဦးစွာ မဂ္ဂဇင်းဖြင့် ကောက်ပေါက်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

သို့သော်လည်း အအိပ်ကြီးလှသည့် ပုဂ္ဂိုလ်က မနိုးသောကြောင့် ဖခင်အား ကြမ်းပြင်ပေါ် ဆွဲချကာ လက်သီးဖြင့် မျက်နှာကို အကြိမ် အတော်များများ ထိုးနှက်ခဲ့ကြောင်း ရဲများက ဆိုသည်။

ထို့နောက်တွင် မျက်နှာတွင် ဒဏ်ရာရသွားသည့် ဖခင်မှာ အနီးရှိ ဆေးရုံ တခုတွင် သွားရောက်ကုသမှု ခံနေရပြီ ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပါတ်က ကိစ္စအတွက် ယင်းဆယ်ကျော်သက် လူငယ်ကို ရဲများက ဖမ်းဆီး ခဲ့ပြီးနောက် မိသားစုတွင်း အကြမ်းဖက် တိုက်ခိုက်မှုဖြင့် စွဲချက် တင်ထားခဲ့သည်။

၎င်းသည် အချုပ်ထဲတွင် တညနေပြီး နောက်တရက်တွင် အာမခံဖြင့် ပြန်လွတ်လာကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here