အမ်မီဝိုင်းဟောက် နှင့် ခင်ပွန်းဟောင်းတို့ ပြန်လည် ပေါင်းစည်းဖွယ်ရှိ

alt

အမ်မီ ၀ိုင်းဟောက်သည် ခင်ပွန်း ဟောင်းနှင့် ပြန်ပေါင်းထုပ်ဖွယ် ရှိနေ ကြောင်း သူမ၏ ယောက္ခမက ပြောကြား လိုက်သည်။ ၀ိုင်းဟောက်နှင့် ဘလိတ်ဖီဒါ ဆီဗီတို့သည် ယခုနှစ် အတွင်း ကွာရှင်း ထားခဲ့သော်လည်း

(၂၀၁၀) ခုနှစ်တွင် ပြန်လည် လက်ထပ်ဖွယ် ရှိကြောင်း ဖီဒါဆီဗီ ၏ မိခင် ဂျော်ဂက်ဒီ က ပြောကြားခဲ့သည်။

ဂျော်ဂက်ဒီ က ချွေးမဟောင်းနှင့် သူမ၏ သားတို့မှာ သံယောဇဉ် မကုန် သေးကြောင်း ဗြိတိန်ထုတ် Sunday Mirror သတင်းစာသို့ ပြောဆို သွားခဲ့ခြင်း ဖြစ်သည်။

ဖီဒါဆီဗီ နှင့် ၀ိုင်းဟောက် တို့အကြား အမြင် ကွဲလွဲမှုများ ရှိနေသည့်တိုင် ၎င်းတို့ လင်မယားသည် အချစ် မပြယ်သေးပါဟု ဂျော်ဂက်ဒီ က ဆိုသည်။ အသက်(၂၅)နှစ် အရွယ် ဗြိတိသျှ အဆိုတော်သည် ဖီဒါဆီဗီ နှင့် ဇူလိုင်လ အတွင်းက ကွာရှင်းခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သူမတို့ နှစ်ဦးအကြား အဆက်အသွယ် ရှိနေဆဲဟု သတင်းများ ကြိုကြားကြိုကြား ထွက်ပေါ်နေဆဲ ဖြစ်သည်။ ဂျော်ဂက်ဒီက သူမ အနေနှင့် သားဖြစ်သူနှင့် ၀ိုင်းဟောက်တို့အား ပြန်လည် သင့်မြတ်စေလိုကြောင်း၊ ၎င်းတို့နှစ်ဦး နောက်တကြိမ် လက်ထပ်ဖြစ်မည် ဆိုပါက အလွန်ကြည်နူးစရာ ဖြစ်လာနိုင်ကြောင်း Sunday Mirror သို့ ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here