အီရန် နိုင်ငံအား ပိတ်ဆို့မှု ပြုလုပ်ရန် တူရကီ ဝန်ကြီးချုပ်အား သမ္မတ အိုဘားမား တောင်းဆို

alt

အမေရိကန် သမ္မတ ဘာရက် အိုဘားမား က တူရကီနိုင်ငံ ၀န်ကြီးချုပ် ရီဆက်တေရစ် အာဒိုဂွန် အား အီရန် နိုင်ငံကို ပိတ်ဆို့မှုများ ပြုလုပ်ပေးရန် တောင်းဆို လိုက်သည်။

အာဒိုဂွန်သည် နှစ်နိုင်ငံရေးရာ ကိစ္စ ရပ်များ ဆွေးနွေးရန် အတွက် အမေရိကန် နိုင်ငံ နယူးယောက်မြို့သို့ ရောက်ရှိနေခဲ့ပြီး ဒီဇင်ဘာ (၇)ရက်နေ့ နိုင်ငံအကြီး အကဲနှစ်ဦး တွေ့ဆုံစဉ် အိုဘားမားက တူရကီ အနေနှင့် အီရန်အား ပိတ်ပင်မှု များတွင် ဆက်လက် မပါ၀င်တော့ရန် ဆုံးဖြတ်ခြင်းကို ပြန်လည် စဉ်းစားသင့်ကြောင်း တိုက်တွန်းခဲ့သည်။

ထို့အပြင် အာဖဂန်နစ္စတန်သို့ တူရကီ အနေနှင့် အထောက်အပံ့များ ပိုမို ပေးပို့ရန် အမေရိကန် အစိုးရက တောင်းဆို ထားလိုက်သည်။ အာဒိုဂွန် အစိုးရသည် အီရန်နှင့် ကုန်သွယ်မှု တိုးမြှင့်ထားသလို အီရန်သည် တူရကီတွင် အသုံးပြုနေသည့် သဘာဝဓာတ်ငွေ့ စုစုပေါင်း (၂၀) ရာခိုင်နှုန်းကို ထောက်ပံ့ ပေးထားခြင်း ဖြစ်သည်။

၎င်းသည် အောက်တိုဘာလ အတွင်းက အီရန်နိုင်ငံ၊ တဟီရန် မြို့တော်သို့ ရောက်ရှိခဲ့ပြီး ထိုစဉ်က အီရန်သည် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနေခြင်းသာ ဖြစ်ပြီး အမေရိကန် က သာ သံသယဝင် နေခြင်းဟု ပြောကြားခဲ့သေးသည်။

အာဒိုဂွန် သည် အမေရိကန်သို့ မသွားရောက်ခင် သတင်းစာ ရှင်းလင်းပွဲအတွင်း အာဖဂန်သို့ တူရကီ စစ်သားများ ထပ်မံ ပေးပို့တော့မည် မဟုတ်ကြောင်း ပြောဆိုထားပြီး အာဖဂန်ရဲနှင့် စစ်တပ်များကိုမူ အရည်အသွေး တိုးတက်လာစေရေး ကူညီသွားမည်ဟု ကတိပြုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here