မိုဘိုင်းဖုန်း အသုံးပြုခြင်းနှင့် ကင်ဆာရောဂါ ဆက်စပ်မှု မရှိဟု အတည်ပြု ပြောကြား

alt

စကန်ဒီနေးဗီးယန်း ဒေသ နိုင်ငံများရှိ သုတေသီများက ၎င်းတို့၏ နှစ်ပေါင်း (၃၀)ကြာ နောက်ကြောင်းပြန် လေ့လာ မှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပြီး အချိန်တွင် မိုဘိုင်းဖုန်း အသုံးပြုခြင်းနှင့်

ကင်ဆာရောဂါတို့ ဆက်စပ်မှု ရှိမနေ ကြောင်း အတည်ပြု ပြောကြား လိုက်သည်။

မိုဘိုင်းဖုန်းမှ ထုတ်လွှင့်သော ဖြာထွက် လှိုင်းများကြောင့် ဦးနှောက် ကင်ဆာနှင့် အခြား ရောဂါများ ဖြစ်နိုင်သည့် လက္ခဏာများ မတွေ့ရကြောင်း ပညာရှင်များ၏ အဆိုကို ကိုးကား၍ ဒိန်းမတ်နိုင်ငံ အမျိုးသားကင်ဆာ ပညာရေးဌာနထုတ် ဂျာနယ်တွင် ဖော်ပြထားသည်။

မိုဘိုင်းဖုန်း များကို (၁၉၈၀) ပြည့်လွန် နှစ်များတွင် စတင် အသုံးပြုခဲ့သော်လည်း ကမာ္ဘနှင့်အဝှမ်း အရှိန်အဟုန်ဖြင့် လူသုံးများမှုသည် (၁၉၉၀) ပြည့်လွန် နှစ်များအတွင်း မြင့်တက် လာခဲ့ရသည်။ သို့သော်လည်း ထိုကာလနှင့် နောက်ပိုင်းတွင် လူအများကြား ဦးနှောက်ကင်ဆာကို ဖြစ်စေနိုင်သည့် ဦးနှောက် အကြိတ်တည်မှုမျိုး ဖြစ်ပေါ်လာခြင်းမှာ သမားရိုးကျ အခြေအနေပင် ရှိနေပြီး ထင်ထင်ရှားရှား များပြား မလာကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။

ဒိန်းမတ် ကင်ဆာ လေ့လာရေးဌာနမှ ဒေါက်တာ အစ်ဇဘဲလား ဒဲလတာက မိုဘိုင်းဖုန်းကို ကာလရှည်ကြာစွာ အသုံးပြုနေသူ များတွင်ပင် ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်လာသည့် အထောက်အထားမျိုး မတွေ့ရဟု အခိုင်အမာ ပြောဆိုသွားခဲ့သည်။

လေ့လာမှု များအရ စကန်ဒီနေးဗီးယန်း နိုင်ငံများဖြစ်သည့် ဒိန်းမတ်၊ ဆွီဒင်၊ ဖင်လန်တို့တွင် နှစ်စဉ် လူဦးရေ (၆၀၀၀၀)ခန့်မှာ ဦးနှောက် အကြိတ်တည်မှု ဝေဒနာကို ခံစားရလေ့ ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here