တရားမဝင် ငါးခိုးဖမ်းသည့် နိုင်ငံခြားသား များအား မြန်မာနိုင်ငံက စွဲချက်တင်မည်

alt

ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား လူမျိုးများ ပါ၀င်သည့် တရားမဝင် ငါးခိုးဖမ်းသည့် နိုင်ငံခြားသားများ မြန်မာနိုင်ငံက စွဲချက် တင်သွားမည် ဖြစ်သည်ဟု ထုတ်ဖေါ် ပြောဆိုလိုက်သည်။

ယင်း ငါးခိုးဖမ်းသည့် ရေလုပ်သား (၁၂၈) ဦးတို့အား ယခုအခါ အင်းစိန် ထောင်တွင် ဖမ်းဆီး ချုပ်နှောင် ထားသည်။ ဖိလစ်ပိုင်လူမျိုး (၁၄)ဦးနှင့် အင်ဒိုနီးရှန်း (၁၁၄)ဦး ပါ၀င်သည့် ယင်းလူစုသည် ပြီးခဲ့သည့် လက မြန်မာ့ ရေပိုင်နက်အတွင်း ငါးခိုးဖမ်း နေမှုကြောင့် မြန်မာ့ရေတပ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အား ဒီဇင်ဘာ (၁၁)ရက် နေ့တွင် တရားစွဲသွားမည် ဖြစ်ကြောင်း ငါးဖမ်းလုပ်ငန်းမှ တာဝန်ရှိသူ တဦးက AFP သတင်းဌာနသို့ ပြောကြား ခဲ့သည်။ ယင်းတို့သည် နိုင်ငံတကာ လူဝင်မှု ဥပဒေများအား ချိုးဖောက်ခဲ့ကြောင်း ထိုအရာရှိက ဆိုသည်။

ငါးဖမ်း လုပ်သားများသည် ပြီးခဲ့သည့်လက မြန်မာ့ရေပိုင်နက်သို့ ငါးဖမ်းစက်လှေ (၁၀)စင်းဖြင့် ၀င်ရောက်လာစဉ် အဖမ်းခံရခြင်း ဖြစ်သည်။ မြန်မာ့လူဝင်မှု ဥပဒေများအရ ယင်းငါးဖမ်း လုပ်သားများသည် ထောင်ဒဏ်(၃)လ အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ကျခံရဖွယ ်ရှိကြောင်း သိရှိရသည်။

နိုင်ငံတကာ စည်းမျဉ်းများ အရ နိုင်ငံတခုသည် ၎င်း၏ရေပိုင်နက်မှ ရေမိုင်(၂၀၀) အထိ အကွာအဝေး အတွင်း ထွက်ရှိသမျှ သယံဇာတများကို ထိန်းသိမ်း ပိုင်ဆိုင်ခွင့် ရှိနေရမည်ဖြစ်သည်ဟု ဆို၏။  မြန်မာနိုင်ငံသည် ကမ်းရိုးတန်း အရှည် (၂၂၂၉) ကီလိုမီတာ ရှိပြီး မကြာခဏ ငါးခိုးဖမ်းမှု ပြဿနာများနှင့် မကြာခဏ ကြံုတွေ့ရလေ့ ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here