စွမ်းအင်ကဏ္ဍ အတွက် ရခိုင်ပြည်နယ်တွင် ရေအား လျှပ်စစ်စက်ရုံများ ထပ်မံတည်ဆောက်

alt

မြန်မာ နိုင်ငံသည် ရခိုင်ပြည်နယ်တွင် စွမ်းအင် ကဏ္ဍအတွက် နောက်ထပ် ရေအား လျှပ်စစ် စက်ရုံအသစ်များ ဆောက်လုပ် နေကြောင်း သိရှိရသည်။ စိုင်းဒင်၊ သူဌေးချောင်း နှင့် လေးမြို့ မြစ် ရေအားလျှပ်စစ် စက်ရုံများကို

နိုင်ငံ အနောက်ပိုင်း ပြည်နယ်အတွင်း ဒေါ်လာ သန်း(၈၀၀) ကျော် အကုန် အကျ ခံကာ တည်ဆောက် နေကြောင်း လျှပ်စစ်စွမ်းအား ဌာနက ဆိုသည်။

ယင်း စက်ရုံများမှ အပြည့်အဝ ထုတ်ပေးနိုင်မည့် ဓာတ်အား ပမာဏသည် (၆၈၇) မဂ္ဂါ၀ပ် ဖြစ်ပြီး၊ ရခိုင်ပြည်နယ် တခုလုံးမှ သုံးစွဲသည့် လျှပ်စစ်ဓာတ်အား ပမာဏသည် (၃၀) မဂ္ဂါ၀ပ်သာရှိပြီး ကျန်ဓာတ်အားများကို နိုင်ငံ၏ အခြားသော ဒေသ အသီးသီးသို့ ပေးပို့ရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် မေလ အတွင်းက ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း ရွှေလီ(၁) ရေအားလျှပ်စစ် စက်ရုံကို စတင် လည်ပတ်ခဲ့သည်။ ယင်းစက်ရုံမှ လျှပ်စစ်ဓာတ်အား (၆၀၀) မဂ္ဂါ၀ပ် ထုတ်ပေးနိုင်ခဲ့ကာ ထို့နောက် နိုင်ငံ၏ အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းဖြစ်သည့် မန္တလေးတိုင်း ရဲရွာ စက်ရုံမှာလည်း ယခုအခါ အပြည့်အဝ ပြီးစီးရန် နီးစပ်နေပြီ ဖြစ်သည်။

ထိုစက်ရုံကြီးမှ စုစုပေါင်း ထုတ်ပေးနိုင်မည့် ပမာဏမှာ (၇၉၀)မဂ္ဂါ၀ပ် ဖြစ်သည်။ စစ်တမ်းများအရ မြန်မာနိုင်ငံတွင် ယခုအခါ စုစုပေါင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု စွမ်းအင်ပမာဏသည် (၁၆၈၄)မဂ္ဂါ၀ပ် ရှိနေပြီး (၂၀၀၈-၀၉)ခုနှစ် အတွင်း ကီလိုဝပ်နာရီ (၆.၆၂)ဘီလျံ ထုတ်ပေးထားခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here