မာဖီးယားအဖွဲ့ ဒုတိယ ခေါင်းဆောင်အား အီတလီ ရဲအဖွဲ့ ဖမ်းဆီးရမိ

alt

အီတလီ ရဲများသည် မာဖီးယား အဖွဲ့၏ ဒုတိယ ခေါင်းဆောင်အား ဖမ်းမိခဲ့ ကြောင်း ကြေညာလိုက်သည်။ အီတလီ ပြည်ထဲရေး ၀န်ကြီးဌာနက ပလာမိုတွင် ဖမ်းမိခဲ့သူမှာ ဂီနီနစ်ချီ ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

စစ်စလီ လူမျိုး နစ်ချီသည် ငယ်ရွယ်သော၊ အန္တရာယ်ကြီးသော၊ ခံယူချက် ပြင်းထန်သော၊ အညှာအတာမဲ့ ရက်စက်တတ်သော လူသတ်သမား တဦး အဖြစ် နာမည်ကြီးနေသည့် မာဖီးယား ခေါင်းဆောင်ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပါတ် အတွင်း အီတလီ ရဲများသည် ပလာမိုရှိ တိုက်ခန်း တခုတွင် ပုန်းအောင်းနေသည့် နစ်ချီကို ၀င်ရောက် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ထွက်ပြေးရန် ကြိုးပမ်း ခဲ့သေးသော်လည်း မအောင်မြင်ခဲ့ဟု စုံထောက်များက ပြောကြားခဲ့သည်။

အီတလီ အစိုးရသည် ပြီးခဲ့သည့် နှစ်ပိုင်းက မာဖီးယား ခေါင်းဆောင် ဆယ်ဗက်တိုရီလို ပစ်ကိုလိုအား ဖမ်းဆီးနိုင်ခဲ့ပြီးနောက် အရှိန်အဝါ ကြီးမားသည့် မာဖီးယား မိသားစုများအား ဆက်လက် ခြေရာခံ ရှာဖွေနေဆဲ ဖြစ်သည်။

အသက်(၂၈)နှစ် အရွယ် နစ်ချီအား (၂၀၀၆)ခုနှစ် ကတည်းက ရဲဌာနက အလိုရှိကြောင်း ကြေညာထားပြီး ယမန်နှစ် အတွင်းက ၎င်း၏ပြစ်မှု အချို့အတွက် မျက်ကွယ်တွင် ထောင်ဒဏ်(၁၈)နှစ် ချမှတ်ထားပြီး ဖြစ်သည်။ ANSA သတင်းဌာနက မာဖီးယား အဖွဲ့သည် ယခုနောက်ပိုင်း ငယ်ရွယ် ထက်မြတ်သည့် ခေါင်းဆောင်သစ်များကို ရွေးချယ် တင်မြှောက်ခဲ့ရာ နစ်ချီသည် လက်စောင်း အထက်ဆုံး ပုဂ္ဂိုလ်တဦး ဖြစ်ကြောင်း အီတလီ မီဒီယာများတွင် ရေးသား ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here