Apple က Music ဝဘ်ဆိုဒ် Lala ကို ဝယ်ယူရန် ကြိုးပမ်းနေ

alt

Apple ကုမ္ပဏီသည် Music ၀ဘ်ဆိုဒ် တခုဖြစ်သည့် Lala ကို ၀ယ်ယူရန် ကြိုးပမ်း နေကြောင်း တွေ့ရှိရသည်။ Lala သည် နာမည်ကျော် Music Service တခုဖြစ်ပြီး ယခုအခါ Apple က ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း

Apple ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် စတိဒိုးလင်းက အတည်ပြုခဲ့သည်။

တည်ထောင်မှု (၄)နှစ်ကြာခဲ့ပြီ ဖြစ်သည့် Lala သည် Online မှတဆင့် သီချင်းများ ရောင်းချပေးနေပြီး ပရိသတ် အခိုင်အမာ ရရှိနေသည့် ၀န်ဆောင်မှု အဖွဲ့တခု ဖြစ်သည်။

Apple သည် Lala ၏ တစိတ်တဒေသမျှ ပိုင်ဆိုင်မှုကိုဖြစ်စေ အနည်းဆုံး ၀ယ်ယူသွားရန် ပြင်ဆင်နေသည်။ Lala သည် Apple ၏ iTune နှင့် ဆင်တူပြီး ၎င်းအား သိမ်းသွင်း လိုက်ခြင်းဖြင့် iTune အား ပိုမိုကောင်းမွန် ပြည့်စုံသွားစေမည်ဟု Apple က မျှော်လင့်နေသည်။

Lala သည် ယခုတိုင် အောင်မြင်ဆဲ ဖြစ်သည့်တိုင် စီးပွားပျက်ကပ် နောက်ပိုင်း ရင်းနှီး မြှုပ်နှံသူများ တစထက် တစ ကျောခိုင်းသွားမှုကို ကြံုနေရသောကြောင့် Apple ၏ ကြိုးပမ်းမှု အထမြောက်ဖွယ် ရှိကြောင်း New York Times သတင်းစာ ဖော်ပြခဲ့သည်။

Music ဆိုင်ရာ ၀ဘ်ဆိုဒ်များကို နာမည်ကျော် လုပ်ငန်းကြီးများက ၀ယ်ယူမှုမှာ ယခင် ကတည်းက ရှိခဲ့ပြီး Myspace သည် imeem နှင့် iLike တို့အား ၀ယ်ယူထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here