တွမ်ခရုစ်နှင့် ကေတီဟုမ်းတို့ နောက်ထပ် ကလေးယူဖွယ်ရှိ

alt

တွမ်ခရုစ်နှင့် ကေတီဟုမ်း တို့ လင် မယားသည် နောက်ထပ် ကလေး ထပ် ယူလိုသည့် ဆန္ဒများ ရှိနေကြောင်း မိတ်ဆွေ များက ဆိုနေကြသည်။ ဟောလီးဝုဒ် ၏ အကျော်ကြားဆုံး

ဇနီး မောင်နှံများ အနက် ထိပ်ဆုံးတန်းမှ ရပ်တည်နေသော မင်းသား မင်းသမီး တို့သည် (၃)နှစ် သမီးလေး ဆူရီခရုစ် အပြင် နောက်ထပ် သားသမီးများ မွေးဖွားရန် အလိုရှိနေကြောင်း ကေတီ ၏ မိတ်ဆွေတဦးက ပြောကြားလိုက်ခြင်း ဖြစ်သည်။

အသက် (၄၇)နှစ်ရှိ ခရုစ်နှင့် အသက်(၃၀) အရွယ် ကေတီတို့သည် (၂၀၀၅) ခုနှစ်က စတင် ချစ်ကြိုက်ခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းတို့နှစ်ဦးသည် ဟောလီးဝုဒ်တွင် တသီးတခြား နာမည်ကျော်သူများ ဖြစ်ကြသလို သမီးလေး ဆူရီမှာလည်း ဟောလီးဝုဒ်၏ ဖက်ရှင်အကျဆုံး ကလေးငယ်အဖြစ် ရေပန်းစားလျှက် ရှိသည်။

ကေတီနှင့် ခရုစ်တို့သည် တခါတရံတွင် သဘောထား မတိုက်ဆိုင်သဖြင့် ကတောက်ကဆ ဖြစ်ကြသော်လည်း တဦးကိုတဦး အလွန်ချစ်ကြောင်း နီးစပ်သူများက ဆိုသည်။ ထို့ကြောင့်လည်း မိသားစုဘဝကို ပိုမိုခိုင်မြဲစေရန် အတွက် သားသမီး ထပ်ယူရန် ဆန္ဒပြင်းပြနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

ခရုစ်သည် လတ်တလောတွင် ရုပ်ရှင်တကား ရိုက်ကူးရန် စပိန်နိုင်ငံသို့ ရောက်ရှိနေပြီး ကေတီနှင့် သမီးငယ် ဆူရီတို့မှာမူ အမေရိကန် နိုင်ငံတွင်သာ ကျန်နေခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here