အီရန် ဆန္ဒပြမှုများ ရဲတပ်ဖွဲ့မှ အကြမ်းဖက် နှိမ်နင်း

alt

အီရန်နိုင်ငံ တမျိုးသားလုံး ဆိုင်ရာ ကျောင်းသားများ နေ့တွင် ဖြစ်ပေါ် လာသည့် ဆန္ဒပြမှု များအား အီရန် ရဲများက အကြမ်းဖက် နှိမ်နင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာ (၇)ရက် နေ့က အီရန်နိုင်ငံ၊ တဟီရန် လမ်းမ များပေါ်တွင် အာဏာ ရှင် စံနစ် ကျဆုံးပါစေဟု ကြွေးကြော် အော်ဟစ်ခဲ့သည့် ကျောင်းသားများနှင့် လုံခြံုရေး တပ်ဖွဲ့ဝင်များ ထိပ်တိုက် တွေ့ဆုံခဲ့ရာ လုံခြံုရေး တပ်ဖွဲ့များက မျက်ရည်ယို ဗုံးများ၊ နံပါတ်တုတ်များဖြင့် လူစုခွဲ ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သည်။

ထိုကိစ္စသည် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ပေါ်ပေါက်နေသည့် အီရန်တွင် နောက်ဆုံး ဖြစ်လာသည့် အဓိကရုဏ်းများ ဖြစ်သည်။ မျက်မြင်များက လုံခြံုရေး တပ်ဖွဲ့နှင့် ရဲဝန်ထမ်း ရာဂဏန်းမျှသည် လမ်းများပေါ်တွင် ဖြန့်ကျက် နေရာယူထားကြောင်း ဒေသခံများက ပြောဆိုခဲ့ကြသည်။

ယင်း ပြဿနာများ ဖြစ်ပွားပြီးနောက် အီရန် အစိုးရသည် အင်တာနက် ချိတ်ဆက်မှု လိုင်းများကို ပိတ်ပစ်လိုက်သလို နိုင်ငံတကာ သတင်းထောက် များအားလည်း ယခုကိစ္စတွင် ၀င်မပါရန် သတိပေးချက် ထုတ်ပြန် ထားလိုက်သည်။ ကိုယ်တွေ့ ကြံုခဲ့ရသူ များကမူ လမ်းများပေါ်တွင် မျက်ရည်ယိုဗုံး ဖောက်ခွဲမှုကြောင့် မီးခိုးလုံးများ ဖုံးလွှမ်းနေကြောင်း အတည်ပြု ပြောဆိုလိုက်သည်။

အီရန်နိုင်ငံ ကျောင်းသား များနေ့သည် (၁၉၅၃) ခုနှစ်က အမေရိကန် ကျောထောက်နောက်ခံ ပြုထားသည့် အစိုးရကို ကျောင်းသားများက ဦးဆောင်ဆန္ဒပြ ဖြုတ်ချခဲ့သည့် လှုပ်ရှားမှုကို အစွဲပြုကာ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here