ဒိန်းမတ်နိုင်ငံ ကုလသမဂ္ဂ ရာသီဥတု ထိန်းသိမ်းရေး ညီလာခံအား ဆန့်ကျင် ကန့်ကွက်ကြ

alt

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် မြို့တွင် ကျင်းပသည့် ကုလသမဂ္ဂ ရာသီဥတု ထိန်းသိမ်းရေး ညီလာခံကို ကန့်ကွက် သည့် အနေနှင့် ဒိန်းမတ် ပြည့်တန်ဆာ အမျိုးသမီးများက အခမဲ့ လိင် ဆက်ဆံ ခွင့် ပေးသွားရန် စီစဉ်နေကြောင်း

သိရှိရသည်။

ဒိန်းမတ် ပြည့်တန်ဆာ အစည်းအရုံးက ကိုပင်ဟေဂင် ညီလာခံ ကျင်းပချိန်တွင် ဟိုတယ်များအတွင်း အခ ကြေးငွေပေး လိင်ဆက်ဆံမှု မပြုလုပ်ရန် တားမြစ် စာတန်းများ ကပ်ထားခြင်းအား ဆန္ဒပြ သည့် အနေနှင့် ယခုလို ဆောင်ရွက် ခဲ့ခြင်းဟု ပြောကြားလိုက်သည်။

ကိုပင်ဟေဂင်တွင် ဒီဇင်ဘာ (၇)ရက်မှ (၁၈)ရက်နေ့ အထိ ရာသီဥတု ထိန်းသိမ်းရေး ညီလာခံကို ကျင်းပမည် ဖြစ်ပြီး ထိုအချိန်အတွင်း ပြည့်တန်ဆာ များကလည်း သူမတို့၏ ဆန္ဒပြမှုကို ဆင်နွှဲနေမည် ဖြစ်သည်။

ပြည့်တန်ဆာ လုပ်ငန်းသည် ဒိန်းမတ်တွင် တရားဝင် ခွင့်ပြုထားသည့် လုပ်ငန်းတခု ဖြစ်သည်။ ဒိန်းမတ်နိုင်ငံ လိင် လုပ်သားများ အခွင့်အရေး ကာကွယ်ရေး အဖွဲ့မှ ဒေးဗစ်မိုလားက လူတိုင်းသည် အဖွဲ့၏ ၀ဘ်ဆိုဒ် မှတဆင့် အခမဲ့ လိင်ဆက်ဆံရန် တောင်းဆိုခွင့် ပေးထားမည် ဖြစ်ကြောင်း AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထို့အပြင် ယခု ၀န်ဆောင်မှုအတွက် ညီလာခံ ကျင်းပနေသော ကာလသည် အချိန်ကောင်း အဖြစ် ယူဆ နိုင်ကြောင်းလည်း မိုလား ကဆိုသည်။ ကိုပင်ဟေဂင် ညီလာခံသို့ ကမာ္ဘ့နိုင်ငံ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး (၂၀၁၂) ခုနှစ်တွင် သက်တမ်း ကုန်ဆုံးမည့် ကျိုတို ပရိုတိုကော အား အသစ်ဖွဲ့စည်းရန် ဆွေးနွေးနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here