မြို့ကြီး ၂မြို့တွင် မိုဘိုင်းဖုန်း တသိန်းကျော် ထပ်မံ ချထားပေးမည်

alt

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ကဏ္ဍ အတွက် နောက်ထပ် မိုဘိုင်းဖုန်း အလုံးရေ (၁၅၀၀၀၀) ကို တပ်ဆင် ပေးသွားမည်ဟု သိရှိရသည်။ အဓိက မြို့ကြီး နှစ်ခုဖြစ်သည့် ရန်ကုန် နှင့် မန္တလေး တို့တွင် တပ်ဆင်မည့်

စံနစ်သည် ဆက်သွယ်ရေး နည်းပညာ အရ ပိုမို ကောင်းမွန်မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး ဌာနက ကြေညာခဲ့သည်။ ယခု တပ်ဆင်မည့် ဖုန်းလိုင်းများ အနက် CDMA800 ဖုန်းလိုင်း (၁၀၀၀၀၀) ကို ရန်ကုန်မြို့တွင် အသုံးပြုနိုင်မည် ဖြစ်ပြီး မန္တလေးတွင် အရေအတွက် (၅၀၀၀၀) ဖြစ်သည်။

ဖုန်းလိုင်း တခုစီအတွက် မြန်မာငွေ (၅)သိန်းစီ ကျသင့်မည်ဖြစ်ပြီး ယခင်က အစိုးရက ထုတ်ပေးသည့် ဖုန်းများထက် ဈေးနှုန်း သက်သာပေသည်။ CDMA800 ဖုန်းများတွင် Voice Message၊ Fax နှင့် Short Message များအား အသုံးပြုနိုင်မည်ဟု သိရှိရသည်။

CDMA ဖုန်းများကို မြန်မာနိုင်ငံတွင် (၁၉၉၇)ခုနှစ် ကတည်းက စတင် အသုံးပြုလာခြင်း ဖြစ်ပြီး ယခင် Cellular ဖုန်းများ နေရာတွင် အစားထိုး ၀င်ရောက်လာခြင်း ဖြစ်သည်။ ထို့နောက်တွင် အသုံးပြုမှု အလွန်ကျယ်ပြန့်သည့် GSM ဖုန်းများသည် (၂၀၀၂)ခုနှစ်တွင် စတင် ၀င်ရောက်လာခဲ့သည်။

ဆက်သွယ်ရေး ၀န်ကြီးဌာနသည် ယခင်က CDMA450MHz ဖုန်းများအား တလုံးလျှင် ကျပ်(၁၅)သိန်းနှင့် ရောင်းချ ခဲ့သေးသည်။ ယခု ဖုန်းများတွင် Network ချိတ်ဆက်မှုကို GSM စံနစ်တွင် အခြေခံထားပြီး 3G WCDMA စံနစ်ကိုလည်း စတင်နေပြီဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here