ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးအောင်ကြည် ထပ်မံတွေ့ဆုံ

alt

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ကိုယ်စားလှယ် ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည် တို့သည် ယနေ့ ဗုဒ္ဓဟူး နေ့တွင် ၄၅ မိနစ်ကြာ ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ရိပ်သာတွင် တွေ့ဆုံ

ဆွေးနွေး ခဲ့ကြသည်ဟု ရန်ကုန်မှ လာ သော သတင်းများအရ သိရှိ ရသည်။

လတ်တလော ဆွေးနွေးချက် များနှင့် ပတ်သက်၍ အသေးစိတ် မသိရှိ ရသေးသော်လည်း စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ မြန်မာ့ ဒီမိုုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းချက် များနှင့် သက်ဆိုင်သည်ဟူ၍ အန်အယ်ဒီ ပါတီ ပြောခွင့်ရ ဦးဉာဏ်ဝင်းက အစောပိုင်းက သတင်း မီဒီယာများကို ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံ ယက်တော အား နေအိမ်အတွင်း ၀င်ခွင့်ပြု စေမှုဖြင့် မြန်မာ စစ်အစိုးရ၏ နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် (၁၈)လ အထိ ချမှတ်ခြင်းကို ခံထားရပြီး၊ အယူခံနှင့် ပတ်သက်သော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လက်ခံရေး အတွက် တရားရုံးချုပ် တွင်လာမည့် ၂၁ ရက်နေ့တွင် လျှောက်လဲချက် ပေးရမည် ဖြစ်သည်။ 

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်သည် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏ နေအိမ်တွင် ထိန်းသိမ်း ခံထားရပြီး၊ စစ်အစိုးရ ကိုယ်စားလှယ်နှင့် နောက်ဆုံး တွေ့ဆုံခဲ့သည်မှာ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ရ ရက်နေ့က ဖြစ်သည်။ ယခု  ၈ ကြိ်မ်မြောက် ထပ်မံ တွေ့ဆုံခြင်းဖြစ်ကာ စစ်အစိုးရက ထုတ်ပြန်ခဲ့သော ဓာတ်ပုံ အထောက်အထား များအရ ၁၉၉၄ နှင့် ၂၀၀၃ ခုနှစ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အနည်းဆုံး ၃ ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်သော်လည်း တွေ့ဆုံဆွေးနွေးသည့် အကြောင်းအရာနှင့် ပတ်သက်၍ ၂ ဘက်စလုံးက ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပေ။

အလုပ်သမား ၀န်ကြီး ဦးအောင်ကြည်ကို စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် နှင့် ၎င်းတို့အကြား ဆက်သွယ်ရေး အတွက် ဆက်ဆံရေး ၀န်ကြီးအဖြစ် ၂၀၀ရ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၉ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ၏ အကြံပြုချက်အရ နောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းများ ဆက်သွယ် လုပ်ဆောင်ရန် ယင်း ဆက်ဆံရေးဝ န်ကြီးကို ခန့်အပ်ခြင်း ဖြစ်သည်ဟု စစ်အစိုးရက ဆိုသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here