မြန်မာ့ ဆိပ်ကမ်းများ ပြန်လည် ပြုပြင်ရေး ဂျပန် ကူညီမည်

alt

ဂျပန် နိုင်ငံတကာ ကော်ပိုရေးရှင်း အေဂျင်စီ (JICA) သည် မြန်မာနိုင်ငံပိုင် ရန်ကုန် ဆိပ်ကမ်းကို ပြန်လည် ပြုပြင် မှုများ ပြုလုပ် ပေးမည်ဟု သိရှိ ရသည်။ JICA နှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် များသည် ရန်ကုန် ဆိပ်ကမ်းရှိ

ဗိုလ်တထောင် ဆိပ်ခံ ဘောတံတားကို ပြန်လည် တည်ဆောက်ရန် သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့် နှစ်အတွင်း မြန်မာနိုင်ငံသို့ ၀င်ရောက် တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီးကြောင့် ဆိပ်ကမ်းတွင် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ အချို့ နေရာများတွင် ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်နေဆဲ ဖြစ်သည်။

JICA သည် ရန်ကုန်ဆိပ်ကမ်းနှင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဌာနအတွက် လိုအပ်သည့် အကူအညီများနှင့် အသုံးအဆောင် များကိုလည်း ဖြည့်တင်း ပေးသွားမည် ဖြစ်သည်။ JICA သည် ယခုနှစ် မေလအတွင်း နာဂစ်ဒဏ်ခံ ဒေသများရှိ ပျက်စီးသွားသည့် ရေလုပ်ငန်းများ ပြန်လည် ထူထောင်ရေး ကူညီဆောင်ရွက် ပေးခဲ့သေးသည်။

JICA သည် ငါးလုပ်ငန်းအတွက် အင်ဂျင်စက်များ၊ အအေးပေးစက်များ၊ ငါးဖမ်းပိုက်များ၊ အောက်စီဂျင်ဘူး များစသည့် လိုအပ်သော ပစ္စည်းများကို (၁၂၀၄၃၆) ဒေါ်လာဖိုး လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီးသည် ပြီးခဲ့သောနှစ် မေလက မြန်မာနိုင်ငံ တောင်ပိုင်းသို့ ၀င်ရောက် တိုက်ခတ်ခဲ့ရာ လူပေါင်း(၅၃၈၃၆)ဦး သေဆုံးပြီး (၁၉၃၅၉)ဦးမှာ ယခုတိုင် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here