āဖြစ်ပေါ် လာနိုင်သေးသည့် ဆန္ဒပြမှုများ အတွက် ဂရိအစိုးရ စိုးရိမ်ပူပန်နေ

alt

ဂရိအစိုးရ အနေနှင့် နိုင်ငံအတွင်း ဆန္ဒပြမှုများ ဖြစ်ပေါ် လာနိုင်သေးသည့် အခြေအနေ အပေါ် စိုးရိမ်မကင်း ဖြစ်နေရကြောင်း သိရှိရသည်။ အေသင ်မြို့တော်နှင့် အနီးတဝိုက် ဒေသများတွင် ဆန္ဒပြမှုများ ပြုလုပ်ရန် ကျောင်းသား

များက ပြင်ဆင်နေပြီး ယမန်နှစ်က ရဲတဦး ပစ်ခတ်မှုကြောင့် ကျောင်းသား တဦး သေဆုံးသွားခြင်း အတွက် အထိမ်းအမှတ် ဆန္ဒပြရန် စုရုံးနေကြောင်း သတင်းများ ထွက်ပေါ်လျှက် ရှိသည်။

တနှစ်မျှ ကြာမြင့်ပြီ ဖြစ်သော်လည်း အေသင်တွင် ရဲနှင့်ကျောင်းသား ဆက်ဆံရေးမှာ ထိုအချိန် ကတည်း တစထက်တစ ပိုမိုဆိုးရွား လာခဲ့ရသည်။ ကျောင်းသား များသည် ဒီဇင်ဘာ (၇)ရက်နေ့ နေ့လယ်က အေသင် မြို့လယ်တွင် စုရုံးကာ ဆန္ဒပြပွဲ အသေးစားလေးများ ပြုလုပ်ခဲ့သော်လည်း ယမန်နှစ် ကလောက် အခြေအနေ မငြိမ်သက်မှုမျိုး မရှိသေးပေ။

ဂရိအစိုးရ ကမူ ယခုကိစ္စအား စောင့်ကြည့်နေပြီး တစုံတရာ မှတ်ချက်မပေးသေးကြောင်း သိရှိရသည်။ (၂၀၀၈)ခုနှစ်၊ ဒီဇင်ဘာ (၆)ရက် နေ့က အေသင်မြို့တွင် ရဲတဦးက ပစ်ခတ်ခဲ့သည့် ကျည်ဆန် ထိမှန်သောကြောင့် အသက်(၁၅)နှစ် အရွယ် ကျောင်းသားတဦး သေဆုံးပြီးနောက် တမြို့လုံးရှိ ကျောင်းသားများက အုံကြွ ဆန္ဒပြခဲ့ကြကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here